Monday 26 January 2015

ဗိုလ်ချုပ် ကျောက်စာတိုင်နှင့် ဗိုလ်ချုပ် ရုပ်တု သွန်းလုပ်ရန် အတွက် မဘသမှ သိန်း (၁၀၀) လှူဒါန်း

ဗိုလ်ချုပ် ကျောက်စာတိုင်နှင့် ဗိုလ်ချုပ် ရုပ်တု သွန်းလုပ်ရန် အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး အဖွဲ့ (မဘသ)မှ ငွေကျပ်သိန်း (၁၀၀) အား လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ အဆိုပါ အလှူငွေ အား ယခုလ(၂၃) ရက်နေ့တွင် မဘသ ဆရာတော်ကြီး များက ဗိုလ်ချုပ် ရာပြည့် ဖြစ်မြောက်ရေး ကော် မတီ ထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဓိက ကတော့ မဘသ ဆရာတော်ကြီးတွေ ကလည်း သူတို့ရဲ့ငွေကြေးတွေကို စုပေါင်းပြီး လှူဒါန်းတာပါ ဟု မဘသ(ဗဟို) ဗဟိုကော်မတီဝင်၊ ဓမ္မစက္က ဦးမောင်မောင်က The Messenger Media သို့ ပြောသည်။ ထို့ပြင် ဗိုလ်ချုပ် အတ္ထုပ္ပတိ္တ ကျောက်စာတိုင်နှင့် ဗိုလ်ချုပ် ရုပ်တု သွန်းလုပ်ရန်အတွက် မဘသ ဆရာတော် ကြီး များမှ ၎င်းတို့ စုဆောင်းထားသည့် ငွေကြေး များကို စုပေါင်း၍ ထပ်မံ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း မဘသ (ဗဟို) ထံမှ သိရသည်။

ကျွန်တော်တို့ မဘသ ဆရာတော်ကြီးတွေ လှူဒါန်းတဲ့ ငွေတွေကို လက်ခံရရှိပြီး ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘယ်လို သုံးမယ် ဆိုတာ မဘသ ဆရာတော်ကြီးတွေ ကိုလည်း လျှောက်ထားပြီး ဖြစ်ပါတယ် ဟု ဗိုလ်ချုပ် ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဒုတိယ ဥက္ကဌ ဦးချိုအောင်သန်းက The Messenger Media သို့ ပြောသည်။ အဆိုပါ လှူဒါန်းငွေ ကျပ်သိန်း(၁၀၀) မှ သိန်း (၅၀)ကို ဗိုလ်ချုပ် ရုပ်တုနှင့် ကမ္ဗည်း ကျောက်စာ တိုင် အတွက် အသုံးပြု သွားမည် ဖြစ်ပြီး၊ ကျန်သိန်း (၅၀) ကို ဗိုလ်ချုပ် ရာပြည့်ပွဲ ဖြစ်မြောက်ရေး အတွက် သုံးစွဲ သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ရာပြည့်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရသည်။

နတ်မောက်မြို့ ၌ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀) ပြည့် ကျောက်စာတိုင် စိုက်ထူရန် နှင့် ဗိုလ်ချုပ်ပုံတူ ရုပ်တု သွန်းလုပ်ရန် အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ခွင့်ပြုမိန့် ရရှိပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ရာပြည့် ဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် ၂၀၁၅ ခုနှစ် တစ်နှစ်လုံးကို ဗိုလ်ချုပ် မွေးနေ့ ရာပြည့်နှစ် အဖြစ် သတ်မှတ်ကာ အမြို့မြို့  အနယ်နယ်၌ အမှတ် တရ ပွဲတော်များ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Jounal 

No comments:

Post a Comment