Friday 15 May 2015

KIA နှင့် TNLA အဖွဲ့များမှ လူသစ်စု၊ ဆက်ကြေးကောက်ခံ မှုများကြောင့် ဒေသ ခံများ ထွက်ပြေးတိမ်းရှောင်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း တီးမားကျေးရွာ အတွင်းသို့ KIA အဖွဲ့များ ၀င် ရောက် လူသစ်စုဆောင်းမှု များကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် အတွင်းရှိ တီးမားကျေးရွာ၊ တက္ကနိုင်းကျေးရွာ များ သို့ မေလ ၁၃ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်တွင် KIA အဖွဲ့ဝင် များ ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ အသက် မပြည့်သေးသော ကျောင်း သား လူငယ်များအပါအ၀င် ဒေသခံရွာသား အများအပြား ဖမ်းဆီးခေါ်ဆောင် သွားပြီး မန်ခိုပျဉ် ကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးမှ ပြောပြသည်။

ထို့အပြင် ပန်ရောင်း၊ မန်စပ်၊ နားအော်လေးကျေးရွာများမှ ဒေသခံ များ TNLA အဖွဲ့မှ လူသစ် အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အတင်းအကြပ် စစ်သင်တန်း တက်ခိုင်းလျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ လည်း ပြောသည်။ “မေလ ၁၁ ရက်နေ့ကလည်း ဒီကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ ကားဂိတ်တွေကို KIA အဖွဲ့က ဆက်ကြေးငွေအဖြစ် ကားဂိတ်တစ်ခုကို ၁၀ သိန်းပေးရမယ်ဆိုပြီး စာတွေလာပို့သွားတယ်လို့ သိရတယ်၊ ကချင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စပ်ကြားနေရာတွေက ကျေးရွာများတွေဟာ KIA နဲ့ TNLA နှစ်ဖွဲ့လုံး ကိုကြောက်နေရပြီး လက်နက်အားကိုးနဲ့ အနိုင်ကျင့်စော်ကားတာကို ခံနေရနေတယ်”ဟု ကွတ်ခိုင်မြို့နေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ပြောသည်။

မန်စီမြို့နယ်၊ နန့်လင်းပါကျေးရွာများအနီးတွင် သစ်မှောင်ခိုသမားများကို လိုက်လံဖမ်းဆီးသော အစိုးရ တပ်နှင့် သစ်မှောင်ခိုသမားများကို အကာ အကွယ်ပေးသော KIA အဖွဲ့များ တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွား မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မန်စီမြို့ နယ် ဒေသခံတစ်ဦးမှလည်း ပြောကြားခဲ့ ပါသည်။

ခွန်နေမင်း (ကွတ်ခိုင်)
Kachin Daily News 

No comments:

Post a Comment