Tuesday 17 February 2015

ခန္ဓာကိုယ် ဝိတ်ကျသွားရင် ဇာတ်ကားတွေ ပြန်ရိုက်မဲ့ ပန်းဖြူ


ရန်ကုန် (မဇ္ဈိမ)။ ။ အိမ်ထောင်ကျပြီး နောက်ပိုင်း ခန္ဓာကိုယ် ဝိတ်တက်လာသည့် သရုပ်ဆောင်ပန်းဖြူက ၎င်း၏ ခန္ဓာကိုယ် ဝိတ်ကျသွားပါက ဇာတ်ကားများပြန်လည် ရိုက်ကူးဖြစ်မည်ဟု ပြောသည်။
"အခုတော့ အနုပညာ အလုပ်တွေ မလုပ်ဖြစ်သေးဘူး။ အပြင်စီးပွားရေးပဲ လုပ်ဖြစ်နေပါတယ်။ အနုပညာ အလုပ်တွေလုပ်ချင်ပေမဲ့ လည်း လူကဝနတာဆိုတော့ မလုပ်ဖြစ်တာလေ။ အမျိုးသားကလည်း ဝိတ်လျော့ ခိုင်းတယ်။ ဒါပေမဲ့ ကိုယ်တိုင်က လျော့နေပေမဲ့ မကျသေးတော့ ဇာတ်ကားတွေ မရိုက်ဖြစ်သေးတာပါ။ ကိုယ့်အနုပညာ မောင်နှမတွေ အလုပ်တွေ လုပ်နေကြတာကိုမြင်ရတာ အားကျမိပါတယ်"ဟု ၎င်းက ဆိုသည်။

သရုပ်ဆောင်ပန်းဖြူသည် ရုပ်သံဇာတ်လမ်းများမှ တစ်ဆင့် အနုပညာ လောကထဲသို့ ဝင်ရောက်လာသူ တစ်ဦးဖြစ်ပြီး ၎င်းသည် "အရိပ်" ရုပ်ရှင်ဇာတ်ကားတွင် ဆေးစွဲနေပြီး စိတ်အစွန်းရောက် ဖြစ်နေပြီး မိဘအပေါ် အမြင်မကြည်သည့် ဇာတ်ကောင် စရိုက်ပီပြင်ခဲ့ခြင်းကြောင့် အကယ်ဒမီဆုကို ရရှိခဲ့သူဖြစ်သည်။ ယင်းအပြင် ဗီဒီယိုဇာတ်ကားပေါင်း များစွာနှင့်ေ ကြာ်ငြာေ ခတ်ဦးတွင် နာမည်ရထင်ရှားခဲ့သူဖြစ်သည်။

No comments:

Post a Comment