Thursday 9 August 2012

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အောက်ပါ မေးခွန်းများ ဆွေးနွေးကြမည်


ယနေ့ (သြဂုတ်လ ၉ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) ပုဂ္ဂလိက စက်သုံးဆီဆိုင် ၃၉၁ ဆိုင် ဖွင့်လှစ်၍ ရောင်းဝယ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အတွက် အခွန်မည်မျှ ထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။
(၂) မြန်မာနိုင်ငံမှ နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်း အလုပ်သမားများ၏ ဘ၀လုံခြုံမှုအတွက် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက် ပေးသွားမည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခြင်း။

(၃) အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတ ရေးရာ ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း။

(၄) နိုင်ငံတကာတွင် စီးပွားရေး လက်ဝါးကြီးအုပ်မှုမျိုးကို တားဆီရန်အတွက် ယှဉ်ပြိုင်မှု ဥပဒေနှင့် ယှဉ်ပြိုင်မှု မူဝါဒများကို စတင်ရေးဆွဲ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၅) ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်းဆွေးနွေးခြင်း၊ အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၅) နိုင်ငံတော်သည် အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် သမ၀ါယမ အဖွဲ့အစည်းများကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ပြုထားပါသဖြင့် စိုက်ပျိုးရေး သမ၀ါယမ အသင်းများအတွက် ဥပဒေသစ် ရေးဆွဲရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း၊ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၆) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အခြေခံဥပဒေ ပုဒ်မ ၉၆ ကို ရည်ညွှန်းထားသည့် ပြည်ထောင်စု ဥပဒေပြု စာရင်းဇယား (၁) တိုင်းဒေသကြီး ပြည်နယ်တို့မှ ထုတ်လုပ်ထွက်ရှိသော စီးပွားရေး အကျိုးအမြတ် ရလဒ်များအား အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး ပြည်နယ် အစိုးရတို့ကို ခွဲဝေပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခြင်း၊ လက်ခံ ဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။

No comments:

Post a Comment