Thursday 9 August 2012

ခိုးကူးခွေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးသို့ သတင်းပေးပို့ နိုင်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ ခိုးကူးခွေ တွေဖြစ်တဲ့ ပွားခွေ၊ နယ်ကျော်ခွေ၊ ဆင်ဆာမဲ့ခွေ၊ ညစ်ညမ်းခွေ စတာတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး              ကို စာရေး အကြောင်းကြားမှု ဒါမှမဟုတ် ဖုန်းဆက် သတင်းပေးပို့မှု တွေကို ပြုလုပ်နိုင် တယ်လို့
သိရသည်။ ဒီလို သတင်းပေးပို့ရာ မှာလည်း အချက်အလက် တွေကို အဓိက ရေးသားခြင်း၊ အတိအကျ   ပြောဆိုခြင်း စတာတွေနဲ့ ပေးပို့ရမှာ ဖြစ်ပါတယ်။


အခုလို ခိုးကူးခွေ တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုတွေကို အစဉ်တစိုက် ပြုလုပ်ရတာဟာ ဗီဒီယို လောကသား များနဲ့ ဖြန့်ချိရေး လုပ်ငန်းရှင်များ၊ ငှားရမ်းရေး လုပ်ငန်းရှင်များရဲ့ အကျိုး စီးပွားကို ကာကွယ်တဲ့ အနေနဲ့ ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဖမ်းဆီးမှုတွေ ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ ခိုးကူးခွေ နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့်   ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ခိုးကူးခွေနဲ့ ပတ်သက်ပြီး သတင်းပေး ပို့ချင်သူတွေ အနေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဖုန်းနံပါတ် ၀၉-၇၃၀၉၆၂၂၃ ကို ဆက်သွယ်ပြီး ရုံးဖွင့်ရက် တွေမှာ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ အတွင်း သတင်းပေးပို့ တိုင်ကြား နိုင်တယ်လို့ သိရပါတယ်။

ဒီလို သတင်း ပေးပို့ရာ မှာတော့ သတင်း ပေးပို့သူရဲ့ အချက်အလက်များ ကိုလည်း လျို့ဝှက်ပေး ထားမှာ ဖြစ်ပါတယ်။ ခိုးကူးခွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက် တွေမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် တက်ရောက်ခဲ့တဲ့ ၄ လကျော် ကာလအတွင်း ခိုးကူးခွေ အမှုပေါင်း ၁၂၂ မှုနဲ့ ခိုးကူးခွေ အချပ်ပေါင်း နှစ်သိန်း ကိုးသောင်းကျော် ဖမ်းဆီးရမိ ထားပြီး ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment