Thursday 9 August 2012

မိုဘိုင်းဖုန်းဆင်းကဒ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ဒါခေါ်ယူနေရ

ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ GSM & WCDMA ဆင်းကဒ်များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လုပ်ငန်းသုံးအဖြစ် အသုံးပြုရန်အတွက် တင်ဒါခေါ်ယူနေကြောင်း သိရသည်။
GSM SIM CARD ပေါင်း ၅၄၃၄ဝဝ ကဒ် နှင့် WCDMA SIM CARDပေါင်း ၂၅ဝ၈ဝဝဝ ကဒ်များအား ပြည်တွင်းငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်နေခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန် ထားခြင်းဖြစ်သည်။ တင်ဒါနောက်ဆုံးရက်မှာ သြဂုတ်လ (၁၇)ရက်နေ့ မွန်းလွဲ (၁) နာရီအထိ ဖြစ်သည်။

No comments:

Post a Comment