Thursday 9 August 2012

အင်ဒိုနီးရှားလွှတ်တော်က မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ရန်ရှိ

အင်ဒိုနီးရှားနိုင်ငံ House of Representative ဥက္ကဋ္ဌ Marzuki Alie က Houseသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ ထိခိုက်ပျက်စီးအောင် လုပ် ဆောင်နေသော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များကို ကြည့်ရှုရန် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့တစ်ခု စေလွှတ်နိုင်ကြောင်း ပြောသည်။
“ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်ဟာ House က နိုင်ငံခြားရေးရာ ကော်မရှင်နဲ့ ဒီကိစ္စစကားပြောဖို့ ရှိပါ တယ်” ဟု Marzuki က ပြောကြားခဲ့မှုအား tribunnews.com က ကိုးကားဖော်ပြခဲ့သည်။

Marzuki ကပြောကြားရာတွင် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်ဆလင်လူဦးရေ အများဆုံးရှိ သည့် နိုင်ငံဖြစ်သည်နှင့်အညီ ရိုဟင်ဂျာကိစ္စကို တိုက်ပွဲဝင်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“မွတ်ဆလင် အသိုင်းအဝိုင်း အနေနဲ့ သူတို့အတွက် တိုက်ပွဲဝင် ပေးရပါမယ်။ ဒါမှသာ ကမ္ဘာပေါ်က အဖွဲ့အစည်းတွေ ဝင်လာနိုင်မှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

1 comment:

  1. ဒီလောက်တောင် တာဝန်ယူချင်တဲ့စိတ်ရှိရင် ခေါ်ထားလိုက်ပါလား ခရီးစားရိပ်နဲ့တကွ အရောက် ပို့ပေးလိုက်မယ်

    ReplyDelete