Thursday 9 August 2012

ဂျပန်နိုင်ငံ Sendai မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးညီလာခံကျင်းပမည်

ဂျပန်နိုင်ငံ Sendai မြို့၌ အောက်တိုဘာလအတွင်း သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများ နှင့်ပတ်သက်သည့် အပြည်ပြည် ဆိုင်ရာညီလာ ခံတစ်ရပ်ကို ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ ညီလာခံ ကျင်းပနေစဉ် တစ်ချိန်တည်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ အပြည်ပြည် ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့(IMF) ကမ္ဘာ့ဘဏ်တို့၏ နှစ်ပတ်လည် အစည်းအဝေး များကိုလည်း ကျင်းပသွား မည်ဖြစ်ပါသည်။ 

အဆိုပါ ညီလာခံသည် ၂ဝ၁၁ ခုနှစ်တွင် ဆူနာမီနှင့် ငလျင်ဒဏ် ခံခဲ့ရသော ဂျပန်နိုင်ငံ ၏အရှေ့မြောက်ပိုင်း မြို့တွင် အောက်တိုဘာလ ၉ ရက်မှ ၁ဝ ရက်အထိ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပါသည်။ ညီလာခံတွင် ဂျပန်နိုင်ငံ အနေဖြင့် သဘာဝဘေး အန္တရာယ်ကျ ရောက်ခဲ့စဉ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၊ အတွေ့အကြုံများနှင့် သတင်းအချက် အလက်များအား အခြားနိုင်ငံများ သို့မျှဝေသွား မည်ဖြစ်ပြီး သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် အကြောင်း အရာများအား ကမ္ဘာ့နိုင်ငံများနှင့် ပိုမိုအလေး ပေးဆွေးနွေး သွားကြမည် ဖြစ်ပါသည်။ 

ညီလာခံ၏ အခြားရည်ရွယ်ချက်အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ငလျင်ဒဏ်၊ ဆူနာမီနှင့် အခြားသဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကြိုတင် ပြင်ဆင်မှုများတွင် ငွေကြေး ပမာဏများစွာ အသုံးပြုရ သောကြောင့် ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်မည့်အခြေအနေများအား ဆွေးနွေးကြမည် 
ဖြစ်ပါသည်။ဆွေးနွေးပွဲတွင်ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်စီးပွားရေးဖွံ့ဖြိုးရေးဆောင်ရွက်ရင်းတစ်ချိန်တည်းတွင်    သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင် စေမည့်နည်းလမ်း များအတွက် အစီအစဉ် တစ်ခုဖြစ်ပါသည်။

 အလားတူ ကျင်းပမည် IMF/World Bank အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် အပြည်ပြည် ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့(IMF) နှင့် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံများ မှအုပ်ချုပ်ရေး အဖွဲ့ဝင်၁၈၈ ဦး တို့ တက်ရောက် ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဂျပန်နိုင်ငံသည် အဆိုပါ နှစ်ပတ် လည်ဆွေးနွေး ပွဲအား လွန်ခဲ့သော ၄၈ နှစ် က နောက်ဆုံး ကျင်းပခဲ့ပါသည်။

No comments:

Post a Comment