Thursday 9 August 2012

တစ်ပတ်လျှင် ကားတင်သွင်းရန် လျှောက်ထားသူ ၅၀၀ အထက်တွင်ရှိ၊ တင်သွင်းခွင့်ပြုသည့် ကားသစ် အရေအတွက် ၅၃၀၀ ကျော်ရောက်ရှိ


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် တစ်ပတ်လျှင် ၂၀၀၇ မော်ဒယ်နှင့်အထက် ကားသစ်များ တင်သွင်းရန် လျှောက်ထားကြသူ အရေအတွက် ၅၀၀ ကျော်ရှိနေပြီး လတ်တလောတွင် တင်သွင်းခွင့်ပြုသည့် ကားအရေအတွက် ၅၃၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးတစ်ဦးက အတည်ပြု ပြောကြားသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက မေလ ၁၁ ရက်နေ့အထိမှစတင်ပြီး၂၀၀၇ မော်ဒယ်နှင့် အထက် ကားသစ်များကို အသက် ၁၈ နှစ်ပြည့်ပြီးသူ၊ ဘဏ်တွင် အမေရိကန်ဒေါ်လာအပ်နှံထားသူတိုင်း တင် သွင်းခွင့်ပြုထားရာ နေ့စဉ်လျှောက်ထားသူ ရာချီရှိနေပြီး တစ်ပတ်လျှင် ကားတင်သွင်းရန် လျှောက်ထားသူ ငါး ရာအထက်တွင် ရှိနေကြောင်း၊ မေလ ၁၁ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အထိ သုံးလနီးပါးကာလအတွင်း တင် သွင်းခွင့်ပြုသည့် ကားသစ်အရေအတွက် ၅၃၀၀ ကျော်ရောက်ရှိနေပြီဟု ၎င်းကရှင်းပြသည်။

"ကားသစ်လျှောက်တဲ့သူကတော့ တစ်နေ့တခြားပိုများနေတယ်။ ဌာနဘက်ကလည်း လျှောက်ထား သူတိုင်းကို အချက်အလက်စစ်ဆေးပြီး မြန်မြန်ဆန်ဆန်တင်သွင်းခွင့် လိုင်စင်ချပေးနေပါတယ်"ဟု အဆိုပါ ညွှန်ကြားရေးမှူး က ရှင်းလင်းပြောဆိုသည်။

ကားသစ်တင်သွင်းသူ များပြားနေချိန် ကားဟောင်းအပ်နှံပြီး ကားသစ်တင်သွင်းရောင်းချသည့် ဈေးကွက်တွင် လည်း ကားဟောင်း အပ်နှံစလစ်များ အ၀ယ်လိုက်နေပြီး ဈေးမြင့်တက်နေကြောင်း အထူးသဖြင့် မော်ဒယ်မြင့် TAXI ကားသစ်များ တင်သွင်းလိုသူများက ကားဟောင်းစလစ်များ လိုက်လံဝယ်ယူနေကြသောကြောင့် ကား ဟောင်းစလစ်ဈေး မြင့်တက်နေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

" TAXI ကားဟောင်းစလစ်က သိန်း၇၀နဲ့ ၇၅ သိန်းအတွင်းဈေးရှိတယ်။ ရိုးရိုးကားဟောင်းစလစ်ကတော့ သိန်း ၆၀၊ ၆၂ သိန်းလောက်ရှိတယ်။ အခု ကားဟောင်းစလစ်တွေ အ၀ယ်ပြန်လိုက်လာတယ်"ဟု ဟံသာဝတီကား ဈေးကွက်အတွင်းမှ ၀ယ်ရောင်းအကျိုးဆောင်တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းကား ဈေးကွက်တွင် ကားအရောင်းအ၀ယ်နှင့် ဈေးနှုန်းများတည်ငြိမ်နေပြီး လတ်တလော ကားဈေး နှုန်းမှာ အကျဘက်သို့သာ ဦးတည်နေကြောင်း ကားဈေးကွက်ကျွမ်းကျင်သူ ၀ယ်ရောင်းများက သုံးသပ်ပြော ဆိုသည်။

No comments:

Post a Comment