Thursday 9 August 2012

တရုတ်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူ ၂ဝဝဝဝဝ ဘေးကင်းရာသို့ ပြောင်းရွှေ့

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ယခုတစ်ပတ်အတွင်း ''ဟိုင်ကူ'' အမည်ရှိ တတိယအကြိမ်မြောက် တိုင်ဖုန်း မုန်တိုင်း ပြင်းထန်စွာတိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် အာဏာပိုင်များက ၎င်းပြည်နယ်ရှိ ဒေသခံ ၂ဝဝဝဝဝ ဦးခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာများက သြဂုတ် ၇ ရက်၌ ပြောကြား ခဲ့သည်။ 
အဆိုပါ တိုင်ဖုန်းမုန်တိုင်း ''ဟိုင်ကူ''သည် ကျီကျန်းပြည်နယ်တွင် ဦးစွာတိုက်ခတ်ဖွယ်ရှိပြီးနောက် သြဂုတ် ၇ ရက် သို့မဟုတ် ၈ ရက်၌ ရှန်ဟိုင်းမြို့သို့ ဝင်ရောက်လာနိုင်ကြောင်း တရုတ်မိုးလေဝသ စီမံခန့်ခွဲရေးဌာနက ခန့်မှန်းပြောကြားခဲ့သည်။ အဆိုပါတိုင်ဖုန်းမုန်တိုင်းကြောင့် ''ကျီကျန်း''ပြည်နယ်ရှိ ဒေသခံ ပြည်သူ ၁၃ဝဝဝဝ ဦးနှင့်အတူ အခြားဒေသမှ ပြည်သူများအား ၎င်းပြည်နယ်ရှိ အာဏာပိုင်များက ချက်ချင်းပြောင်းရွှေပေးခဲ့  ကြောင်းသိရသည်။

No comments:

Post a Comment