Thursday 9 August 2012

email boxes များတွင် အွန်လိုင်းရှာဖွေမှုပုံ စံကို Google တို့ချဲ့ ထွင်

Google ကုမ္ပဏီမှာ ၎င်းတို့၏ အခမဲ့ e mail ဝန်ဆောင်မှုအသုံးပြုသူများအတွက် အွန်လိုင်းအတွင်း ရှာဖွေမှုပုံစံကို ဗုဒ္ဓဟူးနေ့ ကစတင်ကာ ချဲ့ထွင်လိုက်ပြီဖြစ်သည်။ တစ်ခါတစ်ရံတွင် မိမိတို့ 
သိချင်သည့်မေးခွန်း အတွက်အကောင်းဆုံးအဖြေမှာ အများပြည်သူ သုံးစွဲနေသည့် ဝက်ဘ် နေရာများတွင် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိကြောင်း  အခြားနေရာ တစ်ခုခုတွင် ရှိနေနိုင်ကြောင်း  ဥပမာအနေဖြင့် သင်၏ email တွင် ဖြစ်နိုင်ကြောင်း Google search အကြီးတန်း ဒုဥက္ကဋ္ဌ ဖြစ်သူ Amit Singhal   မှ ၎င်း၏ ဘလော့ဂ်တွင် ရေးသားခဲ့သည်။
မိမိတို့ အနေဖြင့် ကိုယ်ပိုင် အသေးစား အွန်လိုင်း ရှာဖွေသည့်  search engine  တစ်ခုရှိ ထားသင့်ကြောင်းနှင့် အသုံးဝင်လှသည့်  သတင်းအချက်အလက် များကို ရှာဖွေရာတွင် အသုံးတည့်နိုင် မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ Google mail သုံးစွဲသူ တို့အနေဖြင့်  google.com/experimental/gmailfieldtrial  ဟူသည့် လင့်ကို ဝင်ရောက်ကာ ရှာဖွေမှုပုံစံသစ်ကို စမ်းသပ်နိုင်မည်ဖြစ်ကာ မိမိတို့၏ email အတွင်းရှိ  message  များထဲမှ သတင်းအချက်အလက် များကို ရှာဖွေနိုင်မည်ဖြစ်ကြောင်းလည်း  Singhal  မှပြောကြားသွားခဲ့သည်။

No comments:

Post a Comment