Thursday 9 August 2012

ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သက်သည့် ဗိုလ်ချုပ်အောင်မြတ် အင်တာဗျူး (၂) အစီအစဉ်

ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချူပ် ဗိုလ်ချုပ်အောင်မြတ်နှင့် လက်ရှိကရင်နီပြည်နယ်အတွင်း အစိုးရနှင့် ငြိမ်းချမ်းရေးယူထားကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနှင့် ပတ်သက်ပြီး အင်တာဗျူး အပိုင်း (၂) ။







ဂျွန်မိုးနိုင် ။ ။ ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုအစည်းအဝေး တွေ့ဆုံဆွေးနွေးပွဲကတိုက်ပွဲ             တပွဲပြန်ဖြစ်တယ်။ တိုက်ပွဲဖြစ်သွားလို့ကော အဟန့်အတားတခုခုများ ဖြစ်သွားနိုင်မလားခင်ဗျ။

ဗိုလ်ချုပ်အောင်မြတ်။ ။ အဟန့်အတားကတော့ သူကျော်လာရင်လည်း ဆက်ဖြစ်မှာဘဲသူတို့က နိုင်ငံရေး လမ်းကြောင်းပေါ်မှာ နိုင်ငံရေးအရဆွေးနွေးမယ် ဆိုရင်တော့ တမျိုးပေါ့ အချက် ၂၀ ကတော့ အများပြည်သူနဲ့ ကိုက်ညီမဲ့အချက်တွေနဲ့ အရေး အကြီးတဲ့အချက်ဘဲတောင်းဆိုတာ။ KNPP အတွက် ဆယ်ပုံ တပုံဘဲပါ ပါတယ်။ KNPP အတွက်ဆိုပေမဲ့လို့ တပ်ဖွဲ့ဝင် မိသားစု လုပ်ကိုင်စားသောက်ဖို့ဘဲ ။ အခုက ဘယ်လိုခေါ်မလဲ ဆက်ကျော်လာရင်တော့ ဆက်ဖြစ်ဖို့အလားလာရှိပါတယ်။
ဂျွန်မိုးနိုင်။ ။ ကရင်နီပြည်တွင်းမှာအခု အစိုးရတပ်မတော်တွေဘက်က စခန်း အခြေအနေတွေကို   ပြောပြပေးပါခင်ဗျာ ။
ဗိုလ်ချုပ်အောင်မြတ်။ ။ လူထုနဲ့အနီးကပ်ဆုံး စခန်းငယ်လေး ၄ ၊ ၅ ၊ ၆ ခု ဆုတ်ခွာပေးပါ။ ဆိုတာက ဥပမာ ထီးဖိုးကလိုး၊ ဒေါတမကြီး ၊ စခန်းငယ်ရှိတယ်။ ရေပေးပါ ၊ ရေပို့ရတယ်။ ထင်းပေးပါ ထင်းပို့ရတယ်။   နောက်ပီးတော့ ရှားတောဂွင် ရှမ်း ၊ ကယားနယ်စပ် ရှိတဲ့စခန်းတခု ဆုတ်ပေးပါပေါ့ ဘာဖြစ်လို့လဲဆိုတော့ မုဒိမ်းမှုတခါဖြစ်ခဲ့တာကိုး အလျှော့အတင်းမလုပ်တော့ ပျက်ဖို့ဘဲ ။ ဒါက အချက် ၂၀ ထဲပါတာဘဲ ။
ဂျွန်မိုးနိုင်။ ။ ဒီကရင်နီပြည်ထဲမှာ အခြားကရင်နီဘဲပေါ့နော် လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်နှစ်ဖွဲ့လောက်ရှိလဲ အဲဒါ ပြောပြလို့ရမလားခင်းဗျာ။
ဗိုလ်ချုပ်အောင်မြတ်။ ။ လက်နက်ကိုင်တာတာတော့ အများကြီးရှိတာပေါ့နော် ၊ ဥပမာပြည်သူ့စစ်ဖြစ်တဲ့ KSO တို့ KNDP တို့ သူ့ဟာသူ လေးငါးဆယ်ယောက် သုံးလေးငါးဆယ်ရှိရင်လဲ အဖွဲ့ထောင်ပေးထားတာပေါ့ ။ နောက် သူ့လက်အောက်ခံမှာ သူ့အမိန့်ကို နာခံရတော့လည်း အဖွဲ့ကတော့ ၄ ဖွဲ့ငါးဖွဲ့လောက်ရှိတယ်ပေါ့ ဒါပေမဲ့ လက်နက်ကိုင်တပ်တွေကတော့ သူ့ရဲ့ တပ်မတော်အောက်မှာ အကုန်လုံးရှိပြီကော အဲဒါသူ့ကို သီးသန့်သွားပြီးတော့ သူ့အမျိုးသားရဲ့ အတွက်က လက်နက်ကိုင်အဖွဲ့ တွေက အမျိုးသားရေးအတွက် လုပ်တဲ့လူ အဖွဲ့ဘယ်မှာရှိလဲ ဥပမာ ကရင်နီပြည်မှာရှိနေတဲ့ ဥပမာ နဂါးတို့ ကယောနီတို့ ထားပါတော့ ကလလတတို့ သူ့လူမျိုးအတွက် သူ့ပြည်နယ်အတွက် သူ့လုပ်ဆောင်ချက်က ဘယ်နှစ်ချက်ရှိလဲ အဲဒါနည်းနည်း ပြပါဦး။
ဂျွန်မိုးနိုင်။ ။ ပြည်တွင်းမှာက ကလလတတို့နဲ့ KNPP တို့နဲ့ကော မတော်တဆတိုက်ပွဲတွေ
  ဖြစ်လာနိုင်စရာတွေ ရှိလာနိုင်သေးလားမသိဘူးခင်ဗျ။
ဗိုလ်ချုပ်အောင်မြတ် ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ လူကြီးတွေကတော့ နိုင်ငံရေးအရ ၊ အမျိုးသားရေးအရတော့ ပြောကြတာဘဲ ဒါပေမဲ့ ခံယူချက်တူချင်မှလည်း တူကြမယ်။ တချို့ကတော့ ပုဂ္ဂိုလ်ရေး အယူသည်းမှု ကိုယ်ကျိုးစီးပွား ရေးကြောင့်လည်း တချို့ရဲဘော်တွေလဲ စီးပွားရေးထဲမှာ နှစ်မျှောနေမယ်ဆိုရင်လည်း အကယ်၍ ပိုင်းခြားတတ်မယ်ဆိုရင်တော့ မဖြစ်ဘူးပေါ့။ မပိုင်းခြားတတ်ဘူးဆိုရင်တော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါကတော့ ဖြစ်လာနိုင်မယ့်ဟာကိုတော့ ကြိုတင်ပြောလို့မရဘူး။ နေ့ချင်းညချင်းက မတူဘူး။ ဒီနေ့ကောင်းရင်ကောင်းမယ် မနက်ဖြန်ဆိုးရင်ဆိုးမယ်။ ဒီနေ့မိုးရွာရင်ရွာမယ်။ မနက်ဖြန်နေပူရင်ပူမယ် အဲလိုမျိုး အဓိကက နိုင်ငံရေးမရှိတဲ့အဖွဲ့အစည်းက ပြောရတာခက်တယ်။ အမျိုးသားစိတ်မရှိတဲ့ အဖွဲ့အစည်း နိုင်ငံရေးမရှိ နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက် မရှိတဲ့အဖွဲ့အစည်းတခုနဲ့ နိုင်ငံရေးဦးတည်ချက် ရည်မှန်းချက်ရှိတဲ့ အဖွဲ့အစည်းတခုကမတူဘူး။ အများကြီးကွာတယ်။ အိဒြေ္ဒရမှုရော၊ လုပ်ဆောင်မှုရော သည်းခံမှုရော အများကြီးကွာခြားတယ်။
ဂျွန်မိုးနိုင်။ ။ သူတို့ထိန်းချုပ်တဲ့ နေရာတွေမှာကောဒီ KNPP တပ်တွေသွားလာလှုပ်ရှားလို့ရလား။
ဗိုလ်ချုပ်အောင်မြတ်။ ။ သူတို့ထိန်းချုပ်တာကတော့ သူတို့ ဘယ်မှာထိန်းချုပ်လို့လဲ ကျနော်တို့ကလဲ ဘယ်မှာသွားထိန်းချုပ် လို့လဲ ရန်သူကလဲ အားလုံးထိန်းချုပ်နိုင်တာမှ မဟုတ်ဘဲ ရန်သူကလဲ ဘောလခဲမြို့ပေါ်လောက် လွိုင်ကော်မြို့ပေါ်လောက်ဘဲ ထိန်းချုပ်တာကိုး သူတို့ကပိုဆိုးတာပေါ့ သူသွားတဲ့နေရာက ဗမာအစိုးရကသူတို့ကို ခွင့်လွတ်နိုင်တာပေါ့ ဥပမာသေနတ်တကား ကားနဲ့ လူထုက ကြိုက်ပါ့မလား လူထုရဲ့ ဆန္ဒတွေကိုလဲ ပြောလို့မရဘူး လူထုနဲ့ဆန့်ကျင်ဘက် သွားလုပ်လို့မရဘူး။
ဂျွန်မိုးနိုင်။ ။ KNPP အနေနဲ့တပ်ကနေရွာထဲကိုသွားမယ်ဆိုရင် အောက်ခြေပြဿနာတွေကြားရသလား ဥပမာ စားရေး၊ သောက်ရေးပေါ့ တပ်ထဲကစားရေး၊ သောက်ရေးနဲ့ ပါတ်သက်ပြီးရွာထဲမှာသွားပြီး တစ်ခုခုသွားလုပ်တာတို့ ရွာနဲ့ပြဿနာဖြစ်တာ တို့ အဲဒါမျိုးတွေ ကြားရလားမသိဘူးခင်ဗျ။
ဗိုလ်ချုပ်အောင်မြတ်။ ။ အဲဒါက ဖြစ်လေ့ဖြစ်ထ ကမ္ဘာပေါ်မှာတပ်မှန်သမျှ အမေရိကန်တပ်ဘဲဖြစ်ဖြစ် ထိုင်းတပ်ဘဲဖြစ်ဖြစ် ကရင်နီတပ်ဘဲဖြစ်ဖြစ် ဗမာတပ်ဘဲဖြစ်ဖြစ် ဒါမျိုးပြဿနာကတော့ ရွာရောက်တိုင်း ပြဿနာဖြစ်တာတော့ မဟုတ်ဘူးပေါ့ တစ်ခါတစ်လေအကြောင်းမညီညွတ်တာ         
ို့ ပြဿနာဖြစ်တာတို့တော့ရှိတာပေါ့ ဒါမဲ့ သတ်လိုက် ဖြတ်လိုက် ရိုက်လိုက် ပုတ်လိုက်အဆင့်တော့ ကျနော်တို့တပ်မှာမရှိဘူး ဥပမာ အပြောအဆိုမှာဘဲ စကားများတာတို့ ရှိတာပေါ့ ဒါမဲ့ ခုနပြောသလို မတစ်ထောင်သား ထိန်းရတာခက်တယ် အမေရိကန်တပ်ဘဲဖြစ်ဖြစ် ထိုင်းတပ်ဘဲဖြစ်ဖြစ် အဲလိုမျိုးရှိတယ်။ ကိုယ့်တပ်ဘဲဖြစ်ဖြစ်ပေါ့ ခံယူချက်နဲ့ ရောက်လာတဲ့လူရှိသလို အကြောင်းအမျိုးမျိုးကြောင့်နဲ့ ရောက်လာတဲ့သူတွေလဲရှိတာကိုး အဲဒါဘယ်လိုလုပ်မလဲ ဥပမာ လူအထောင်လိုက် အသောင်းလိုက်ထိန်းနိုင်တဲ့ အစိုးရကစည်းကမ်းနဲ့ ဘဲအမိန့်နဲ့ဘဲ ထိန်းရတာကိုးဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တပ်ဆိုတာ လက်နက်ကိုင်ထားတယ်။ အန္တာရာယ်ရှိတယ် အမိန့်နဲ့ စည်းကမ်းနဲ့မထိန်းရင် လူထုလိုလိုသဘော တရားနဲ့ သွားထိန်းရင်မရဘူး။ ဒါက နှစ်ပေါင်း၄၀ အတွင်းမှာ ငါကြုံလာတဲ့ ကိစ္စ နှစ်ပေါင်း ၆၀ ကျော်လာပြီလို့ပြောတာပေါ့ တော်လှန်ရေးထဲမှာပါလာတာက ၄၀ပေါ့ အဲဒီနှစ် ၄၀ အတွင်းမှာအဆိုးရော အကောင်းရော အများကြီးတွေ့လာတော့ သတိဝိရိယနဲ့ ထိန်းလာတာပေါ့ ။
ဂွန်မိုးနိုင်။ ။ ကျနော့်မေးခွန်းတွေထဲမှာကော ဘာများဖြည့်စွက်ပြီးပြောချင်ပါလဲခင်ဗျာ။
ဗိုလ်ချုပ်အောင်မြတ်။ ။ ကျနော်ပြောချင်တာက ကရင်နီအမျိုးသားညီညွတ်ဖို့ဘဲ အမှန်တရားဖက်ကရပ်တည်ဖို့ဘဲ အမှန်တရားရပ်တည်ကြမယ် တရားမျှတမှုရှိကြမယ် အမျိုးသားလက္ခာဏာရှိမယ် နောက် ဆိုလို့ရှိရင်တော့ ကျနော်တို့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့ ရောက်သွားနိုင်တယ် ဒါကအဝေးကြီးလိုသေးတယ်။ အဲဒီကြားထဲက ခင်ဗျားတို့က တစ်မျိုး သူကတစ်ဖုံ အရှေ့ဖက်ကတစ်မျိုး အနောက်ဖက်ကတစ်မျိုး တောင်တမျိုး မြောက်တမျိုး လုပ်မယ်ဆိုရင်တော့ မလွယ်ဘူး အဲဒီကြားထဲကရန်သူကလည်း သူ့အလုပ်သူလုပ်မယ် သူ့အလုပ်သူဘာလုပ်လဲဆိုတော့ ဒီလူမျိုးတွေက စည်းလုံးညီညွတ်မှု မရှိအောင် သူကတော့ နည်းမျိုးစုံလုပ်မှာဘဲ အခုဆိုလဲ မြင်ယောင်သေးတယ်။ အချင်းချင်းခိုက်ရန်ဖြစ်ဖို့ NGO အများကြီးဝင် လာဦးမယ် ငွေနောက်လိုက်တဲ့ လူငယ်လူရွယ်တွေ အမျိုးသမီးတွေ ဘဝပျက်မယ် ပျက်စီးမယ် စီးပွားရေးအရ လောဘစိတ်တက် နေတဲ့ သူတွေလဲဒုက္ခရောက်မယ်။ အဲဒါမြင်ယောင်မိတယ် ညီညွတ်မှုမရှိဘူးဆိုရင် နားလည်မှုမရှိကြဘူးဆိုရင် နောက်ဒီလိုဘဲ ဖြစ်မှာဘဲ လူဆိုတာအားလုံးအတ္တတွေဘဲ အတ္တစိတ်မရှိတဲ့လူက အရူးဘဲလို့ပြောတယ်။ အတ္တလွန်ကဲတဲ့လူလဲ အရူးဘဲလို့ပြော တယ် ။ အတ္တလွန်ကဲတဲ့လူလဲ အရူးဖြစ်နိုင်တယ် လူဆိုတာအတ္တသမား ဒါမဲ့ အတ္တသိပ်လွန်ကဲလို့ရှိရင်တော့ ပြဿနာနဲ့ရင်ဆိုင်ရ မယ်။
ယခုလို ကရင်နီတပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ ပစ်ခတ်ရပ်စဲထားသည့်ကာလအတွင်း   ပြည်တွင်းငြိမ်းချမ်းရေးယူ ထားကြ သည့် တိုင်းရင်းသားအဖွဲ့အချင်းချင်းနဲ့လည်း သွေးစည်းညီညွတ်ကြဖို့ လိုအပ်နေတယ်လို့ သိရပါတယ်ခင်ဗျ။

No comments:

Post a Comment