Thursday 9 August 2012

နယူးဇီလန်တွင် နှစ်ပေါင်း ၁ဝဝ ကျော်အတွင်း ပထမအကြိမ်အဖြစ် ရုတ်တရက် မီးတောင်ပေါက်ကွဲ

နယူးဇီလန်နိုင်ငံတွင် ရာစုနှစ်တစ်ခုကျော်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် ရုတ်တရက် မီးတောင်   ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နိုင်ငံ၏မြောက်ပိုင်းကျွန်းဆွယ်ရှိ နေရာအနှံ့အပြားတွင် ပြာမှုန်များ ဖုံးအုပ်လျက်ရှိကြောင်း အင်တာနက်သတင်း တစ်ပုဒ်အရ သိရသည်။
အဆိုပါမီးတောင်သည် သြဂုတ် ၆ ရက် ညသန်းခေါင် အချိန်မတိုင်မီတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၁၁၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment