Thursday 9 August 2012

မြန်မာနိုင်ငံတွင်း ကားဈေးနှုန်းသည် ငါးနှစ်တာ ကာလ အတွင်း ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွား

မြန်မာနိုင်ငံတွင်း ကားဈေးနှုန်းသည် ငါးနှစ်တာ ကာလ အတွင်း ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ တွဲဖက် အတွင်းရေးမှူး ဦးမိုးကျော် ထံမှ သိရသည်။


၉၇ မော်ဒယ်မှ ၂ဝ၁ဝ မော်ဒယ် အတွင်း ကားများအနက် အချို့ကားများ၏ ဈေးနှုန်းမှာ ၅ဝ ရာခိုင်နှုန်းကျော် ကျဆင်းသွားခြင်း ဖြစ်ကြောင်း ထိုသို့ ဈေးများ ကျဆင်း သွားသော် လည်း လက်ရှိ ဖြစ်ပေါ်နေသော ကား ဈေးနှုန်းများမှာ အိမ်နီးချင်း နိုင်ငံများ နှင့် ယှဉ်ပါက ကြီးမြင့်နေသေးကြောင်း ၄င်းထံမှ သိရသည်။
”ကားဝယ်ရင် အဲဒီ ကားဈေး ကကျမှာ၊ တက်စရာ အကြောင်း မရှိပါဘူး။ ဒီထက်ကောင်းတဲ့   ပေါ်လစီ ပိုင်းတွေက တော်တော်လေး စပြီး ဖြစ်နေပါပြီ။ ဟိုတုန်းက နှစ် ၂ဝ၊ ၃ဝ က ကားတွေတောင်အခု ၅ဝ ရာခိုင်နှုန်း လောက်ကျသွားတာ” ဟု ၄င်းက ပြောသည်။   
လက်ရှိ ကားဈေးကွက်သည် ကောင်းမွန်သော အနေအထား ၌ပင် ရှိနေသေးပြီး ဝယ်လက်များ မှာလည်း စိတ်ဝင်စားမှု ရှိနေကြောင်း၊ ဈေးနှုန်း များအနေဖြင့် လူလတ် တန်းစား လက်လှမ်း မမီနိုင်သေးသည့် အနေအထား ၌ပင် ရှိနေသေးပြီး ကားတင်သွင်းသည့် မူဝါဒ နှင့် အခွန်အခ များအား ယခုထက် ပိုလျှော့ပေါ့ ပေးရန် လိုအပ် နေသေးကြောင်း ၄င်းကပြောသည်။လက်ရှိ ပြင်ပကား ဈေးကွက်တွင် အရောင်းအဝယ်
ဖြစ်မှုနည်းပါး နေပြီး အရောင်းအဝယ် ဖြစ်နေသောကားများမှာ အောက်ကား

 (အရည်ကျို ကား) များသာ အများဆုံး ဖြစ်ကြောင်း တက္ကစီယာဉ် များမှာ ဆီကား ဖြစ်ပါက ကျပ် ၄၈ သိန်းနှင့် သိန်း ၅ဝကြား CNG ယာဉ်ဟောင်း ဖြစ်ပါက ကျပ် သိန်း ၇ဝ ထိပေါက်ဈေး ရှိကြောင်း ကားပွဲစား များထံမှ သိရသည်။

န၊ ပ အက္ခရာယာဉ်ဟောင်း များမှာမူ ကျပ်သိန်း ၅ဝ ကျော်နှင့် ၆ဝ ကြား ပေါက်ဈေးများ ရှိနေပြီး ယခင်အဝယ် များသော အင်ဂျင်ပါဝါနိမ့် ကားလေးများနှင့် ရွှေငါး၊ ဟာရီ ယာတို့မှာ ဈေးကွက် အေးနေကြောင်း သိရသည်။
ကားရှိုးရွန်းများမှာ ယခုထက် ပိုမို ပေါ်ပေါက်လာရန် ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့်လည်း ကားတင်သွင်းခြင်းနှင့် ကားထုတ်မှု ဆိုင်ရာများ လာရောက် လုပ်ကိုင် ရန် ရှိနေ ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စောင့်နေ ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment