Thursday 9 August 2012

အာဖဂန်ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်

အာဖဂန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Abdul Rahim Wardak သည် ၄င်း၏ လုံခြုံ ရေးဆိုင်ရာ ကိုင်တွယ် ဖြေရှင်းမှုနှင့် ပတ်သက်၍ အယုံအကြည် မရှိအဆို တင်သွင်းမှုအား ပါလီမန်တွင် မဲခွဲဆုံးဖြတ် ရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက် ခဲ့ပါသည်။ မိမိအား ရာထူးမှ ဖယ်ရှားရန် ပါလီမန် ၏ဆုံးဖြတ်ချက်အား အလေးထား လက်ခံခဲ့ကာ ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း Wardak က သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

မကြာသေး မီကဖြစ်ပွားခဲ့သော ပါကစ္စတန်၏ နယ်စပ် ဖြတ်ကျော်တိုက်ခိုက် မှုများအပေါ် အစိုးရ၏ တုံ့ပြန်ဆောင်ရွက် မှုအားနည်းခြင်းနှင့် အာဖဂန် အဆင့်မြင့် အရာရှိများ လုပ်ကြံခံခဲ့ရ ခြင်းများအတွက် အာဖဂန်ပါလီမန် သည် ကာကွယ်ရေးဝန်ကြီး Wardak နှင့် ပြည်ထဲရေးဝန်ကြီး Bismillah Mohammadi တို့အား ရာထူးမှဖယ်ရှားရန် သြဂုတ်လ ၄ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါသည်။ 

Wardak သည် နောက်ထပ် ကာကွယ်ရေးဝန်ကြီး အသစ်တစ်ဦး ခန့်အပ်ပြီးချိန် အထိ ယာယီဝန်ကြီး တစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်း ဆောင်ရန် အာဖဂန် သမ္မတဟာ မစ်ကာဇိုင်း၏ အဆိုပြုချက်ကို ငြင်းပယ်၍ ရာထူးမှ ချက်ချင်း နုတ်ထွက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ကြယ်လေးပွင့် အဆင့်ရှိ ဝါရင့်ဗိုလ်ချုပ်ကြီးသည် အာဖဂန် အစိုးရတွင် ဆယ်စုနှစ် ၄ ခုကျော်ကြာ တာဝန်ထမ်းဆောင် ခဲ့ပါသည်။ အာဖဂန်တပ်ဖွဲ့ များသည် ၂ဝ၁၄ နှစ်ကုန်ပိုင်း အတွင်းတွင် လုံခြုံရေးဆိုင်ရာ တာဝန်လွှဲပြောင်း ရယူမှုများ ပြုလုပ်ရန် ပြင်ဆင် ဆောင်ရွက်နေ သည့်အချိန်တွင် အဆိုပါ နုတ်ထွက်မှု ဖြစ်ပေါ်လာသည့် အတွက် နိုင်ငံ၏အဓိက ကျသောကာကွယ် ရေးဝန်ကြီးဌာနတွင် ခေါင်းဆောင်မဲ့ နေလျက်ရှိပါသည်။ ဟာမစ်ကာဇိုင်း၏ တောင်းဆိုချက်အရ Bismillah Mohammadi မှာ ခေတ္တ ပြည်ထဲရေးဝန်ကြီး အဖြစ် ဆက်လက် ထမ်းဆောင်လျက် ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment