Thursday 9 August 2012

နိုင်ငံတော်သမ္မတကြီး တူရကီနိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့  တူရကီနိုင်ငံခြားရေး ၀န်ကြီး       ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့နံနက်တွင် သမ္မတအိမ်တော်၌ ဂါရ၀ပြု တွေ့ဆုံခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒုတိယကမ္ဘာစစ်အတွင်း   မြန်မာနိုင်ငံ၌ ကျဆုံးခဲ့သော တူရကီစစ်သည်တော် များ၏ သင်္ချိုင်းများ ကိစ္စ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် မကြာသေးခင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မတည်မငြိမ်မှုများ၏ အဖြစ်မှန်များ စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်၊

တူရကီနိုင်ငံသည် OIC ကိုယ်စား လာရောက်ခြင်း ဖြစ်ပြီး လက်ရှိ OIC အတွင်းရေးမှူးသည် တူရကီနိုင်ငံမှ ဖြစ်ပါသည်။

ယင်းနောက် တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်သို့ ဆက်လက် သွားရောက်မည် ဖြစ်ပါသည်။ ယင်းသို့သွားရောက်လေ့လာကြည့်ရှုခြင်းအား ဖြင့် တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ဖြစ်စဉ်အမှန်၊ လက်တွေ့အနေအထားများကို သိရှိနိုင်မည် ဖြစ်ပါသည်။ လာမည့် OIC အစည်းအဝေးတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးမှ မြန်မာနိုင်ငံသို့ သွားရောက် လေ့လာကြည့်ရှုရာမှ တွေ့မြင်လာရသည့် ရခိုင်ပြည်နယ် အခြေအနေများကို ပြန်လည်ရှင်းလင်းမည် ဖြစ်ပါသည်။

ယင်းသတင်း အပြည့်အစုံကို နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ လွှင့်တင် သွားမည် ဖြစ်ပါသည်။ အလားတူ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာများမှလည်း သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

No comments:

Post a Comment