Thursday 9 August 2012

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့အစည်းအဝေးတွင် နိုင်ငံ ၅ နိုင်ငံမှ သံတမန်များတက်ရောက်ခွင့်အား အစ္စရေး၏ငြင်းပယ်ချက်ကို အိန္ဒိယမှကန့်ကွက်

ပါလက်စတိုင်း မြို့တော်တွင် သြဂုတ်လ ၁၂ ရက်နေ့၌ ပြုလုပ်မည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့   တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံ ၅ နိုင်ငံမှ သံတမန်များ တက်ရောက်ရန် ဖြတ်သန်းသွား လာခွင့်အား ပိတ်ပင်သည့် အစ္စရေး၏ ဆုံးဖြတ်ချက်ကို အိန္ဒိယက ကန့်ကွက်ခဲ့ကြောင်းThe Times of India သတင်းဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။
 အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဆိုင်ရာဝန် ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Syed Akbaruddin က အထက်ပါ ပိတ်ပင်မှုသည် ပါလက်စတိုင်း မြို့တော် Ramallah တွင်ကျင်းပမည့် ၄င်းအစည်း အဝေးတွင် ပါလက်စတိုင်း လူမျိုးများနှင့် တစည်းတလုံး တည်းတည် ရှိခြင်းကို ပြသနိုင်မှုမ ရှိခြင်းကြောင့် အဆိုပါ ပိတ်ပင်မှုအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း သြဂုတ်လ ၆ ရက်နေ့၌ ပြောကြားခဲ့ပါသည်။ 

ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်း ၏ကြိုးပမ်းမှု တစ်ရပ်အား အထောက်အကူ ဖြစ်စေမည့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့၊ ပါလက်စတိုင်း ကော်မတီ၏ ကိုယ်စားလှယ် ၁၂ ဦး တွေ့ဆုံဆွေးနွေး မှုသည် အစ္စရေး၏ နှောင့်ယှက်မှုကြောင့် ပျက်ပြားခဲ့ရပြီး ဖြစ်ပါသည်။ အစ္စရေး တို့အနေဖြင့် သံတမန် ဆက်ဆံရေး ထူထောင်ထားခြင်း မရှိသောနိုင်ငံ ၅ နိုင်ငံမှ အရာရှိများအား ဆွေးနွေးပွဲ သို့တက်ရောက်ခွင့် မပြုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ၅ နိုင်ငံ မှ ၄ နိုင်ငံသည် မွတ်စလင် နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံမှာ ကျူးဘား နိုင်ငံဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

No comments:

Post a Comment