Thursday 9 August 2012

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ) ၏ အထူးအစည်းအဝေးသတင်းထုတ်ပြန်ချက်

သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)မှ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော အစည်းအဝေးအရ အောက်ပါအတိုင်း ဆုံးဖြတ်လိုက်သည်။

၁။သြဂုတ်လ ၁ ရက်နေ့က သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ) က ထုတ်ပြန်တောင်းဆိုသည့် အချက်များကို ထောက်ခံသော စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်း ကို သြဂုတ်လ ၁၃ ရက်ေ န့တွင် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်သည်။
၂။သတင်းမီဒီယာသမားများ၏သဘောထားဆန္ဒမပါဘဲ ရေးဆွဲထားသော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်မီဒီယာဥပဒေကို ကန့်ကွက်ရေးနှင့် သတင်းမီဒီယာများအပေါ် အစိုးရ၏တရားစွဲဆိုမှုများရုပ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ရေး ကိစ္စများ ကိုသြဂုတ်လ ၁၅ ရက်နေ့ ထပ်မံ တွေ့ဆုံရန်။

၃။သတင်းလွတ်လပ်ခွင့်ကော်မတီ၏ တောင်းဆိုချက်များ ရရှိသည်အထိ ဆက်လက်အရေးဆို လှုပ်ရှားသွားမည်ဖြစ်ကြောင်း။

No comments:

Post a Comment