Thursday 9 August 2012

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ရှမ်းတဲကြီး အထက်ကျေးရွာ ရေမြုပ်

ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ရှမ်းတဲကြီး အထက်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်များအတွင်း ရေ၀င်ရောက်လျှက်ရှိသည်။ 
 လက်ရှိကျေးရွာ၏ထက်ဝက်ကျော်မှာ နေအိမ်ကြမ်းခင်း မြှပ်သည်အထိ ရေများဝင်ရောက်နေရာ နေထိုင်ရန်ခက်ခဲလျှက်ရှိသည်။ ရှမ်းတဲကြီး အောက်နှင့် အထက်ကျေးရွာများသည် ဒဂုံမြို့သစ်တောင်ပိုင်းနှင့် လှည်းကူးမြို့နယ်အစပ်တွင် တည်ရှိပြီး ယခုနှစ်အတွင်း မိုးများ ရွာသွန်းမှုနှင့် ဆည်ရေလွှတ်မြောင်းများ ပိတ်ဆို့မှုကြောင့် ရေမြှပ်ခြင်း ဒုက္ခခံစားနေရသည်။
 

No comments:

Post a Comment