Thursday 9 August 2012

အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှ ရေငုပ်သင်္ဘော ၃ စီးမှာယူခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးကပြောကြား

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ဌာနသည် နည်းပညာ လွှဲပြောင်းပေး ရေးအစီအစဉ် (TOT) အရ တောင်ကိုရီးယား သင်္ဘောကျင်း တစ်ခုမှ ရေငုပ်သင်္ဘောအသစ် ၃ စီးအား တရားဝင်မှာ ယူခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Purnomo Yusgiantoro က သြဂုတ်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် မှာယူထား သောသင်္ဘော ၃ စီးအနက် တစ်စီးအား အင်ဒိုနီးရှား သင်္ဘောကျင်း တွင် တည်ဆောက်သွားရန် စာချုပ်၌ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့ပါသည်။
အဆိုပါ နည်းပညာလွှဲပြောင်း ပေးရေး အစီအစဉ်အရ ရေငုပ်သင်္ဘောတစ်စီးကို တောင်ကိုရီးယား နိုင်ငံတွင် တည်ဆောက် သွားမည်ဖြစ်ပြီး ဒုတိယတစ်စီးကို အင်ဒိုနီးရှား နိုင်ငံမှ တည်ဆောက်၍ ကျန်တစ်စီးကို   တောင်ကိုရီးယားနှင့် အင်ဒိုနီးရှား နိုင်ငံတို့ ပူးတွဲတည် ဆောက်သွားမည် ဖြစ်ကြောင်း Purnomo Yusgiantoro က ဆက်လက် ပြောကြားခဲ့ပါသည်။ ၄င်းရေငုပ်သင်္ဘော ၃ စီးသည် အင်ဒိုနီးရှား   ရေတပ်ရေယာဉ်စု၏ စစ်ဆင်လှုပ်ရှား နိုင်မှုစွမ်းရည်များ ပိုမိုတိုး တက်ကောင်းမွန်လာ စေရန်မျှော်လင့် ထားကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ ယခု လက်ရှိတွင် အင်ဒိုနီးရှားရေတပ်သည် ရေငုပ်သင်္ဘော ၂ စီးဖြင့် လှုပ်ရှား ဆောင်ရွက်နေပြီး ၂ဝ၁၅ ခုနှစ်တွင် အဆိုပါ ရေငုပ်သင်္ဘောအသစ် ၃ စီးအား ထပ်မံလက်ခံ ရရှိမည်ဖြစ်ပါသည်။

No comments:

Post a Comment