Thursday 9 August 2012

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း IT Club ဖွဲ့စည်းရန်နှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ICT နယ်ပယ်အတွင်း ရှိအသင်းလှုပ်ရှားမှုများအား သတင်းစာရှင်းလင်းပွဲတစ်ခုအား ယနေ့နေ့လည် ၁၁ နာရီတွင် ရန်ကုန်မြို့ City Center Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ပျူတာလုပ်ငန်းရှင်အသင်းအနေဖြင့် ယခုအခါ ICT နယ်ပယ်မှ လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ၀ါသနာ ရှင်များ စုစည်းတွေ့ဆုံနိုင်ရန် IT Club အား စတင်ပြုလုပ်နေပြီ ဖြစ်ပြီး ယင်း IT Club အားလစဉ် ပထမအပတ် သောကြာနေ့ ညနေ (၆)နာရီခွဲမှ (၉)နာရီထိ စီစဉ်ထားကြောင်း သိရသည်။ IT Club အား အသင်းဝင်များ အတွက် သီးသန့်ကန့်သတ် ထားခြင်းမျိုး မဟုတ်ဘဲ ပြင်ပမှ စိတ်ဝင်စားသူများအနေဖြင့်လည်း ကွန်ပျူတာ လုပ်ငန်းရှင်အသင်းသို့ ဆက်သွယ်၍ လာရောက်ပါဝင်နိုင်ေ ကြာင်း သိရသည်။

ထို့အပြင် လုပ်ငန်းရှင်အသင်မှ Yangon Working Group အား ဖွဲ့စည်း တည်ထောင်မည်ဖြစ်ပြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းရှိ ဆပ်ကော်မတီ ၃ ခုအတွင်းသို့ ပါဝင်ဆွေးနွေးဆောင်ရွက် သွားနိုင်မည်ဖြစ်၍ အသင်းဝင် လိုသူများအနေဖြင့် (၂၀.၈.၂၀၁၂) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေး သွင်းနိုင်ပြီ ဖြစ်ကြောင်း ယင်းအသင်း ၏ တာဝန်ရှိသူမှ ပြောကြားသွားသည်။

No comments:

Post a Comment