Thursday 9 August 2012

ထိုင်ဝမ်ဒုတိယသမ္မတ အမေရိကန်၊ ဒိုမီနီကန်နှင့် ဘဲလစ်ဇ်နိုင်ငံများသို့ သွားရောက်လည်ပတ်မည်

ထိုင်ဝမ် ဒုတိယ သမ္မတ Wu Den-yih သည် လာမည့်ရက် သတ္တပတ်တွင် အမေရိကန်၊ ဒိုမီနီကန်နှင့် ဘဲလစ်ဇ်   နိုင်ငံများသို့ ၁၂ ရက်ကြာ အလည်အပတ် ခရီးသွားရောက်ရန် စီစဉ်ထားကြောင်း ထိုင်ဝမ် သမ္မတရုံးက သြဂုတ်လ ၈ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။
 Wu သည် အမေရိကန် နိုင်ငံသို့ ဦးစွာသွား ရောက်မည်ဖြစ်ပြီး ၄င်းနောက် ဒိုမီနီကန်နိုင်ငံ သို့သွားရောက်ကာ ဒိုမီနီကန် သမ္မတအဖြစ် ရွေးချယ်ခံထား ရသော Danilo Medina ၏သမ္မတ ရာထူးလွှဲပြောင်း ရယူပွဲ အခမ်းအနားသို့ တက်ရောက် သွားမည်ဖြစ်ကြောင်း ထိုင်ဝမ် သမ္မတရုံးက ပြောကြားခဲ့ပါသည်။ Wu ၏ခရီး စဉ်သည် ဒေသတွင်းရှိ ထိုင်ဝမ်၏ မဟာမိတ်များ နှင့်ဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်သွားရောက်   ခြင်းဖြစ်ရာ ထိုင်ဝမ် တာဝန်ရှိသူများ ပြည်ပနိုင်ငံ များသို့သွားရောက် လည်ပတ်မှုကို ဆန့်ကျင် ကန့်ကွက် လျက်ရှိသည့် တရုတ်နိုင်ငံအား မကျေမနပ် ဖြစ်စေလိမ့်မည် ဖြစ်ကြောင်းသိရှိ ရပါသည်။ 
  လေ့လာ စောင့်ကြည့် သူများက ၏ခရီးစဉ်သည် သမ္မတ မာယင်ကျိုး၏ တရုတ်နှင့် သံတမန် ဆက်ဆံမှုကို ထိန်းသိမ်းရေး မူဝါဒအား စမ်းသပ်သည့် ခရီးစဉ် ဖြစ်သည်ဟု ရှုမြင်လျက် ရှိကြောင်းသိရှိ ရပါသည်။

No comments:

Post a Comment