Thursday 9 August 2012

ထိုင်းဝန်ကြီးချုပ်က သောင်းကျန်းမှုနှိမ်နင်းရေးစီမံချက်အပေါ်ကာကွယ်ပြောဆို

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှီ နာဝပ်ထရာက သောင်းကျန်း မှုနှိမ်နင်းရေး မဟာဗျူဟာသည် ဒုတိယဝန်ကြီးချုပ် များ၏ ကြီးကြပ်မှုဖြင့် ထိရောက်သော အခြေအနေတွင် ရှိနေကြောင်း ပြောကြားကာ အစိုးရ၏ နိုင်ငံတောင်ပိုင်းရှိ အကြမ်းဖက်မှု နှိမ်နင်းရေး စီမံချက် အပေါ်ကာကွယ် ပြောဆိုခဲ့ကြောင်း သြဂုတ်လ ၈ ရက်နေ့ Bangkokpost သတင်း တစ်ရပ်အရ သိရှိရပါသည်။ 

အတိုက်အခံ ခေါင်းဆောင် အဘီဆစ်က အစိုးရသည် ဒုတိယဝန်ကြီး ချုပ်များထံသို့ လုံခြုံရေးမူ ဝါဒများပေး အပ်ခဲ့ခြင်းကြောင့် ပိုမိုရှုပ် ထွေးသောအခြေအနေ များဖြစ်ပေါ်စေ လျက်ရှိသည်ဟု ပြစ်တင်ပြောကြား ထားပါသည်။ အစိုးရအဖွဲ့ အနေဖြင့် အဆိုပါ မဟာဗျူဟာ၏ အဓိကကျသော တစ်စိတ်တစ် ဒေသအဖြစ် ဘန်ကောက်မြို့တွင် အခြေစိုက်မည့် ကွပ်ကဲမှုဌာန သစ်တစ်ခု ထူထောင်သွားမည် ဖြစ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက ထုတ်ပြန် ကြေညာခဲ့ ပါသည်။ အဆိုပါ ဌာနသည် လုံခြုံရေး အေဂျင်စီများ အကြား ထောက်လှမ်းရေးနှင့် စစ်ဆင်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။ ရဲတပ်ဖွဲ့ နှင့်လုံခြုံရေးဆိုင်ရာ အာဏာပိုင်များ အကြား ပူးပေါင်းဆောင်ရွက် 
မှုကိုကြီးကြပ်ကွပ် ကဲရန်အတွက် ဒုတိယဝန်ကြီး ချုပ်ချာလန်း ယူဘန်ရန်အား တာဝန် ပေးအပ်ခဲ့   ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီး ယောင်ယုဝီ ချိုင်ဒစ်အား နိုင်ငံတောင်ပိုင်း မငြိမ်မသက် မှုများကို ဖြေရှင်းရာတွင် ၄င်းဝန်ကြီးဌာန ၏ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် မှုများကို ကြပ်မတ်ရန် ညွှန်ကြားခဲ့ကြောင်း ယင်လပ်က ပြောကြား ခဲ့ပါသည်။

 ကွပ်ကဲမှုဌာန သစ်သည် ပိုမိုကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် တောင်ပိုင်း
နယ်စပ် ပြည်နယ်များ အုပ်ချုပ်ရေးဌာန (Southern Border Provinces Administrative Centre-SBPAC)နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် လက်နက်တပ်ဆင်ထား ခြင်းမရှိသော
 စောင့်ကြည့် ထောက်လှမ်းရေး လေယာဉ်ကို တောင်ပိုင်းစွန်း ပြည်နယ်များရှိ လမ်းမကြီးများ ပေါ်တွင် ကင်းလှည့်နေသော ယာဉ်တန်းများကို ကာကွယ်ရန် အတွက် ဖြန့်ကြက်ချထား သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment