Thursday 9 August 2012

ဗြိတိန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များဖျက်သိမ်းရန် ငြိမ်းချမ်းရေးလှုပ်ရှားတက်ကြွသူများက တောင်းဆို

ဗြိတိန် အစိုးရ၏ လူမှုဖူလုံရေး လုပ်ငန်းများတွင် ဘဏ္ဍာ ငွေလျှော့ချပြီး နျူကလီးယား စွမ်းအင်သုံး Trident ရေငုပ်သင်္ဘော တွင်အစားထိုး၍ ဘဏ္ဍာငွေ အသုံးပြုနေခြင်းအား မည်သူမျှ မလိုလားကြောင်း ရာပေါင်း များစွာသော ငြိမ်းချမ်းရေး လှုပ်ရှားသူများက အစိုးရကိုအ ပြစ်တင်ခဲ့ကြပြီး ဗြိတိန်နိုင်ငံရှိ   နျူကလီးယား လက်နက်အားလုံး ဖျက်သိမ်း ရန်အတွက် တောင်းဆိုခဲ့ကြသည်။

ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို အမေရိကန်မှ အဏုမြူ ဗုံးကြဲချသည့် ၆၇ နှစ်မြောက်နှစ် ပတ်လည်နေ့ ဖြစ်သည့် သြဂုတ်လ ၆ ရက်နေ့တွင် လန်ဒန်၌ လှုပ်ရှား တက်ကြွသူ ၃ဝဝ ကျော်ခန့်သည် ဗြိတိန်အစိုးရအား နျူကလီးယား လက်နက် ထုတ်လုပ်မှုကို ရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။ စစ်မှုထမ်းဟောင်းTony Benn က ယခုကဲ့သို့ စုရုံးခြင်းသည် အပြစ်မရှိ သူပြည်သူ ၁၄ဝ,ဝဝဝကျော် သေဆုံးခဲ့သည့် ဟီရိုရှီးမားမြို့သို့ အဏုမြူဗုံးကြဲခြင်း ၏ အကြီးဆုံး ရာဇဝတ်မှု စစ်ပွဲအဖြစ် သင်ခန်းစာရ စေမှုအားပြန်လည် အမှတ်ရစေကြောင်း၊ မိမိတို့အနေ ဖြင့်စစ်ပွဲ အောင်နို
င်ရေး အတွက် နျူကလီးယား လက်နက်ကို မည်သည့်အခါမှ သုံးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအချိန်တွင် နျူကလီးယား လက်နက်ဖျက် သိမ်းရေးလှုံ့ဆော် စည်းရုံးရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး Kate Hudson မှ ဂျပန်နိုင်ငံတွင် ကြဲချ သေကြေ ပျက်စီးစေသည့် အဏုမြူဗုံးထက် ၈ ဆ၊ ၉ဆ ခန့် ပျက်စီး သေကြေစေ နိုင်စွမ်းရှိသော နျူကလီးယား လက်နက်များကို ဗြိတိန်အစိုးရ မှပိုင်ဆိုင်ထားကြောင်း သတိပေး ပြောကြားခဲ့ပါသည်။ ထို့ပြင် Tony Donaghy ရထားလမ်း၊ ရေလမ်း သယ်ယူ ပို့ဆောင်ရေး အသင်း၏ ယခင်ဥက္ကဋ္ဌ ဖြစ်သူ Tony Donaghy က နိုင်ငံ၏ အရင်းအမြစ် အားလုံးကို ပျက်စီးစေနိုင်သည့် လက်နက် ထုတ်လုပ်မှုတွင် အသုံး မပြုဘဲ ပို့ဆောင်ရေး၊ ကျန်းမာရေးနှင့် ပညာရေး တို့တွင်ပြောင်းလဲ အသုံးပြုသွား ရေးအတွက် လှုပ်ရှား ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း   ပြောကြားခဲ့ပါသည်။

ဇူလိုင်လ အစောပိုင်းက ဗြိတိန်၏ တရားမဝင်လက်နက် ရောင်းဝယ်မှုကို ၄င်းအဖွဲ့မှ ထိုးနှက်ခဲ့ကြောင်း လူ့အခွင့် အရေးချိုးဖောက်ပြီး စိုးရိမ်စရာကောင်းသည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်နေသော ဓနသဟာယ နိုင်ငံများနှင့် အခြား နိုင်ငံများသို့ လက်နက်ရောင်းဝယ် မှုကြီးထွားမ လာစေရေး ထိန်းသိမ်း နေချိန်တွင် ဗြိတိန်အစိုးရမှ လက်နက် ရောင်းဝယ်ရေး စာချုပ်တစ်ခုကို ကူညီခဲ့ခြင်း အား ပြစ်တင်ဝေဖန် ခဲ့ပါသည်။

No comments:

Post a Comment