Thursday 9 August 2012

မန္တလေး၌ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက် တံတားဦး မြို့နယ်ကို ရွေးချယ်

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တံတားဦး မြို့နယ်မှာ ဟိုတယ်ဇုန် အသစ် ဖော်ထုတ်ဖို့ အတွက် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ရုံးက အတည်ပြုပေးလိုက်ပြီ ဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် မြေနေရာမှာ ဧက ၅၈၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ ဟိုတယ် ဇုန်သစ် တည်ဆောက်ဖို့ အတွက် ယခင်က မြေဧက ၃၅၀၀ မှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိပြီးသား ဖြစ်ပြီး မြေဧက ထပ်မံ လိုအပ် တာကြောင့် ဧက သုံးထောင်ကို ထပ်မံတင်ပြ ရာမှာ ဧက တစ်ထောင်မှာ ရှေးဟောင်း ယဉ်ကျေးမှု ဇုန်များထဲမှာ ပါဝင်နေတဲ့ အတွက် ဧက နှစ်ထောင်ခန့် ထပ်မံရရှိခဲ့တာ ဖြစ်ပြီး စုစုပေါင်း ဧက ငါးထောင် ငါးရာ နီးပါး ရှိတာ ဖြစ်ပါတယ်။


အဆိုပါ နေရာ မှာတော့ ဟိုတယ်များ အပြင် ကျောင်း၊ ဆေးရုံ၊ ရဲစခန်း အစရှိတဲ့ မန္တလေး မြို့မှာ ရရှိနိုင်တဲ့ ၀န်ဆောင်မှုများ အားလုံးကို ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်းနှီး မြှုပ်နှံရာ မှာလည်း ဧက အလိုက် ရင်းနှီးမြှုပ်နှံမှု များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအရာ များနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁၀ ရက်နေ့ မှာတော့ မန္တလေးတိုင်း ဒေသကြီးမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး အဆင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment