Wednesday 1 July 2015

ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်နိုင်ရေး သူရဦးရွှေမန်း လူမှုကွန်ရက်တွင် ရေးသားဝေမျှ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) ကို ပြင်ဆင်နိုင် ခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအပါအ၀င် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုး သားပြန်လည် သင့်မြတ်ရေးကို အထောက်အကူပြုနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယ ကသူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသား ဝေမျှခဲ့သည်။
လက်ရှိလွှတ်တော်တွင် ပုဒ်မ၄၃၆(ခ) ပြင်ဆင်နိုင်ရေးကို စ တင်ဆွေးနွေးမှုများပြုလုပ်နေပြီး ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ ဆွေးနွေးခဲ့သော ပုဒ်မ၄၃၆ (က)ကဲ့သို့ပင် အရေးကြီးပုဒ်မများသည် ပုဒ်မ ၄၃၆ (ခ)တွင်လည်း ပါဝင်ကြောင်း ပြည်သူများအား သူရဦးရွှေမန်းက ၎င်းသုံးစွဲနေ သော ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ဇွန်လ ၃၀ ရက်တွင် အသိပေးလိုက်ခြင်းဖြစ်သည်။
ပုဒ်မ ၄၃၆ (ခ)ကို ပြင်ဆင် ရေးအတွက် ဆောင်ရွက်ရခြင်း သည် တိုင်းရင်းသားများ တောင်း ဆိုထားသည့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်း တူညီမျှခွင့်နှင့် ဗဟိုဦးစီးချုပ်ကိုင် မှု လျှော့ချရေးတို့ဖြစ်ထွန်းလာ ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက တင်မြှောက် သူများသာလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရေး ဖြစ်ပေါ်လာရန် ရည်ရွယ်ခြင်းဖြစ် သည်ဟု သူရဦးရွှေမန်းက ဆို သည်။
ထို့အပြင် အုပ်ချုပ်ရေးအဖွဲ့ များ၏ ကွပ်ကဲမှုအောက် ရောက် ရှိနေသည်ဟု စွပ်စွဲပြောဆိုခံနေရ သော တရားရေးအဖွဲ့အစည်းများ ကို သီးခြားလွတ်လပ်စွာ၊ တရားမျှတစွာ တရားစီရင်နိုင်သော အ ခြေအနေများသို့ ရောက်ရှိရေးတို့ အတွက် ပုဒ်မ ၄၃၆(ခ)ကို ပြင်ဆင် ရာတွင် ရည်ရွယ်ကြောင်း သူရဦးရွှေမန်းက ပြည်သူများအား အသိ ပေးသည်။
အခြေခံဥပဒေပြင်ဆင်ရာ တွင် ကျန်ရှိနေသည့် ပုဒ်မ၄၃၆ (ခ)ပါ ပြဋ္ဌာန်းချက်များကို ဇွန်လ၃၀ ရက်က စတင်ဆွေးနွေးနေခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်စုစု ပေါင်း ၆၃ ဦး ပါဝင်ဆွေးနွေးမည် ဖြစ်သည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၁၈ ဦး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးနှင့် အခြားနိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။
ပုဒ်မ ၄၃၆ (ခ)တွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များကို ပြည်ထောင်စုအစိုးရက လုပ်ပိုင်ခွင့်များ ခွဲခြားသတ်မှတ်ထားသည့် ပုဒ်မများ၊ တရားစီရင်ရေးနှင့် ပတ်ပတ်သော ပြဋ္ဌာန်းထားသည့် ပုဒ်မများပါဝင်သည်။
7 day

No comments:

Post a Comment