Wednesday 1 July 2015

ကဗျာရေးသည့် ထိုင်းလယ်သူမလေး လူမှုကွန်ရက်တွင် ရေပန်းစား (DVB)

ဓာတ်ပုံ – women.kapook.com
ခုရက်ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ကဗျာရေးတဲ့ လယ်သူမလေးတယောက် အကြောင်း လူကြိုက်များပြီး ရေပန်းစားနေပါတယ်။


ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချိုင်းယားဖုမ်းခရိုင် ခေါင်းဆန်မြို့နယ် နောင်ချိန်လွတ်ရွာက ဆီနားနွန်း အမည်ရှိ မိန်းကလေးဟာ တက္ကသိုလ်ကျောင်းသူတဦးဖြစ်ပေမယ့် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ခေတ်ပေါ်အလှအပပုံတွေ မတင်ဘဲ သူကိုယ်တိုင်လယ်ယာလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ပုံတွေပဲ တင်ထားသလို ပိုထူးခြားတာကတော့ ကျေးလက်တောရွာ ဓလေ့ဆိုင်ရာ အကြောင်းတွေ၊ အတွေးအမြင်နဲ့ စိတ်ခွန်အားရှိစေတဲ့ ကဗျာတွေ ရေးသားတင်ပြထားတာကြောင့် သူ့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာမှာ နှစ်သက်သူပေါင်း ၆ သောင်းနီးပါး ရှိနေတာပါ။

ဒါ့အပြင် ‘လယ်ကွင်းထဲက ပလွေသံ’ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ကိုလည်း ဖွင့်ထားပြီး ဖယားထိုင်းဆိုတဲ့ ကလောင်အမည်နဲ့ တောသူတောင်သားတို့ နေထိုင်မှုဘ၀အကြောင်း၊ တောပန်းလေးတွေအကြောင်း ကဗျာ တွေ၊ စာတွေ ဖွဲ့နွဲ့ရေးထားတာမှာ သူတင်တဲ့ပို့စ်တွေကို လိုက်ခ် (နှစ်သက်) ထားတာကလည်း ၆ သောင်း ၃ ထောင်ကျော်ပါတယ်။

သူရေးတဲ့ကဗျာတွေထဲက တပုဒ်ကို ဒီဗွီဘီပရိသတ်များအတွက် ဆီလျော်အောင် ဘာသာပြန် ပေးလိုက် ပါတယ်။

စိတ်ချမ်းသာတဲ့ဘ၀ကိုရရှိဖို့ စွန့်သင့်တဲ့အရာ ဆယ်ခု
၁) မနာလိုခြင်းကို စွန့်
၂) ပြောင်းလဲရမှာကြောက်တဲ့ စိတ်ကိုစွန့်
၃) နေရာတိုင်းဟာ အထိန်းအကွပ်ရှိရမယ်ဆိုတဲ့ အတွေးကိုစွန့်
၎) အချိန်ပိုအလုပ်လုပ်ခြင်းကို စွန့်
၅) လူနဲ့ ပစ္စည်းတွေပေါ်အပြစ်ဖို့ခြင်းကို စွန့်
၆) တချိန်လုံး မြည်တွန်တောက်တီးတာကိုစွန့်
၇) အမြဲမှန်တယ်ဆိုတဲ့ အတွေးကိုစွန့်
၈) ကိုယ့်အရည်အချင်းကိုပိတ်ပင်စေတဲ့ ယုံကြည်မှုကိုစွန့်
၉) မကောင်းတဲ့ သူငယ်ချင်းကိုစွန့်
၁၀) အတိတ်ကိုစွန့်




Lwin Pyin 

No comments:

Post a Comment