Wednesday 1 July 2015

စက်ရုံ၊ အလုပ်ရုံများ ကုန်ကျစရိတ်လျှော့ချနိုင်ရန် အလုပ်သမားဖယ်ရီများငှားရမ်းပေးရန် အစိုးရစီစဉ်

စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ကျစရိတ်လျှော့ချပေးနိုင်ရန် အလုပ်သမားများအတွက် ကြို/ပို့ယာဉ်(ဖယ်ရီ)များကို ဈေး နှုန်းသက်သာစွာဖြင့် ငှားရမ်းပြေး ဆွဲပေးသွားရန် အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း သ တင်းရရှိသည်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက် စက်ရုံများ ကုန်ကျမှုစရိတ်လျော့နည်းသက် သာစေရန်နှင့် အလုပ်သမားများ အား လစာတိုးပေးနိုင်ရန်ရည်ရွယ် ၍ ယင်းသို့ဖယ်ရီပေးရန် စီစဉ်နေ သည်ဟု အလုပ်ရုံ၊ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။
‘‘အလုပ်ရုံတွေအတွက် ဖယ် ရီတွေလုပ်သွားဖို့ရှိတယ်။စီစဉ်နေ တယ်ပေါ့။ လောလောဆယ်တော့ စက်မှုဇုန်ဥက္ကဋ္ဌတွေဆီကနေ သ ဘောထားမှတ်ချက် တောင်းခံ ထားတယ်’’ဟု ဦးဝင်းရှိန်က ပြော သည်။
ဇွန်လ ၃၀ ရက်တွင် ရန်ကုန် မြို့ရှိ စက်မှုဇုန်ဥက္ကဋ္ဌများအား ယင်း လုပ်ငန်းအကောင်အထည် ဖော်မည့် အခြေအနေနှင့် ပတ် သက်၍ အလုပ်သမားဝန်ကြီးဌာန က ခေါ်ယူတွေ့ဆုံကာ ဆွေးနွေး မှုများပြုလုပ်ခဲ့ပြီး ဇူလိုင် ၃ ရက် ၌ သဘောထားမှတ်ချက်များကို ၀န်ကြီးဌာနသို့ အကြောင်းပြန်ရန် ညွှန်ကြားခဲ့ကြောင်း မြောက်ဥက္က လာပစက်မှုဇုန် စီမံခန့်ခွဲရေးကော် မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောသည်။

‘‘အစည်းအဝေးမှာတော့ ဖယ်ရီစီစဉ်ပေးရင်လုပ်ငန်းရှင် တွေ အဆင်ပြေနိုင်မလား။ ဘယ် လိုအစီအစဉ်မျိုးနဲ့လုပ်ရင် ကောင်း မလဲဆိုတာ ခေါ်ယူတွေ့ဆုံဆွေး နွေးတဲ့သဘောပါ။ ဒီကိစ္စနဲ့ပတ် သက်လို့ ၀န်ကြီးဌာနမှာလည်း စီ မံကိန်းရေးဆွဲထားရသေးခြင်းမရှိ ဘူးထင်တယ်’’ဟု ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌဦးအေးသောင်းက ပြော သည်။

ဝန်ကြီးဌာနက ဖယ်ရီစီစဉ် ပေးလျှင် ပြင်ပမှ ကားငှားရမ်းခ နှုန်းထားထက် လျော့နည်းသက် သာစွာ ကောက်ယူရန်ရှိသော် လည်း အတိအကျကို ထပ်မံဆွေး နွေးညှိနှိုင်းမှုများ ပြုလုပ်ရန် ကျန် ရှိနေသေးသည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

‘‘တကယ်ထိထိရောက် ရောက်လုပ်ပေးရင်တော့ လုပ် ငန်းရှင်တွေအတွက် အထောက် အကူဖြစ်ပါတယ်။ အလုပ်သမား တွေအတွက်လည်း သက်သောင့် သက်သာသွားလာနိုင်တဲ့အတွက် အဆင်ပြေမှာပါ’’ဟု ဦးခင်မောင် မြင့်က ၎င်း၏ အမြင်ကို ပြော သည်။

စက်ရုံတစ်ရုံတွင် ဖယ်ရီ ကားစီးရေ ၂၀ ခန့်ငှားရမ်းအသုံး ပြုနေကြရပြီး ငှားရမ်းခမှာ ယာဉ် တစ်စီး ခရီးအကွာအဝေးအလိုက် အကြို/အပို့ တစ်ကြောင်းလျှင် ကျပ် ၁၀,၀၀၀ မှ ၃၀,၀၀၀ ခန့်အ ထိရှိကြောင်း စက်ရုံလုပ်ငန်းအ သိုင်းအ၀ိုင်းမှ သိရသည်။

ထိုသို့ ဖယ်ရီစီစဉ်ပေးမည်ဆို ပါက ၀န်ကြီးဌာနအနေဖြင့် လူမှု ဖူလုံရေးရန်ပုံငွေမှ ထုတ်ယူအသုံး ပြုကာ မော်တော်ယာဉ်များကို ၀ယ်ယူရမည်ဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော် ရန် အချိန်အနည်းငယ်ကြာမြင့်နိုင် ဦးမည်ဖြစ်ကြောင်း ၎င်းက သုံး သပ်သည်။

စက်ရုံ၊အလုပ်ရုံများအနေ ဖြင့် လက်ရှိအချိန်တွင် ပြင်ပမှ မော်တော်ယာဉ်များ ငှားရမ်းကာ ဖယ်ရီယာဉ်များအဖြစ်အသုံးပြု နေရခြင်းဖြစ်ပြီး ကုန်ကျစရိတ်ကြီး မြင့်သဖြင့် ယာဉ်နှင့်လုပ်သားအင် အားမမျှတဘဲ ကျပ်ညပ်စွာစီးနင်း လိုက်ပါနေရမှုများရှိနေကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အနေဖြင့်အနေဖြင့် ယခင်က လည်း စက်ရုံလုပ်သားများအ တွက် သက်ဆိုင်ရာစက်မှုဇုန်များ တွင် အငှားအိမ်ရာများဆောက် လုပ်ပေးရန် စီစဉ်ခဲ့ပြီး မြေရရှိနိုင် မှု အခက်အခဲကြောင့် အကောင် အထည်ဖော်ရန် ကြန့်ကြာမှုများရှိ နေသည်။

No comments:

Post a Comment