Wednesday 1 July 2015

မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်

ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော် မတီ၏သဘောထား မှတ်ချက် အပေါ် မူတည်ပြီး မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင် စုလွှတ်တော်တွင် ဆက်လက်ဆွေး နွေးဆုံးဖြတ်မည်ဖြစ်ကြောင်း သိရ သည်။

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်နှင့်အမျိုးသားလွှတ်တော်၊ လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲချက် ၁၁ချက်ဖြစ်ပေါ် ခဲ့ သည်။

ယင်းသို့ဖြစ်ပေါ်ခဲ့သည့် အတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆက် လက်ဆွေးနွေးအတည်ပြုရန် ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်းပူး ပေါင်းကော်မတီက ကွဲလွဲချက်များ အပေါ် လေ့လာသုံးသပ်ခြင်းနှင့် သ ဘောထားမှတ်ချက်ကိုတင်သွင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ် တော်ဥပဒေကြမ်းပူးပေါင်းကော်မ တီက ဇွန် ၃ဝရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက်ပုံမှန်အစည်းအဝေးသို့ တင် သွင်း ခဲ့ခြင်းဖြစ်သည်။ 

ပြည်သူ့လွှတ်တော်နှင့် အမျိုး သားလွှတ်တော်ကြားသဘောထား ကွဲလွဲချက် ၁၁ချက်ထဲမှ အမျိုးသား လွှတ်တော်မှ အတည်ပြုထားသည့် အတိုင်းပြဋ္ဌာန်း သင့်သည့်အချက် များနှင့်ပြည်သူ့လွှတ်တော်၏ပြင်ဆင် အချက်အတိုင်း ပြဋ္ဌာန်းသင့်သည့် ချက်များကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ သဘောထားမှတ် ချက်အစီရင်ခံ စာတင်ပြခဲ့သည်။

ယင်းကဲ့သို့ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းကော်မတီ ၏တင်ပြချက် အပေါ်မူတည်ပြီး ဆွေး နွေးလို သည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းပေး သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း က ကြေညာထားသည်။ 

MO
‎DemocracyTodayNewspaper‬

No comments:

Post a Comment