Wednesday 1 July 2015

ပါလက်စတိုင်းသားဟု သံသယရှိသူတစ်ဦး ပစ်ခတ်မှုကြောင့် အစ္စရေးနိုင်ငံသားလေးဦး ဒဏ်ရာရ

ပါလက်စတိုင်းသား ဟု သံသယရှိသူတစ်ဦးက ကား ဖြင့် ဖြတ်မောင်းစဉ် ပစ်ခတ်တိုက် ခိုက်မှုတစ်ခုအတွင်း သိမ်းပိုက် ထားသော အနောက်ဘက်ကမ်း ခြေဒေသတွင် အစ္စရေးတို့ ဆောက်လုပ်ထားသည့် အိမ်ရာတစ်ခုအနီး၌ အစ္စရေးနိုင်ငံသားများ အုပ်စုတစ်ခုကို သေနတ်သမားတစ်ဦးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်ဘက်ကပြောသည်။
ဒဏ်ရာဆိုးဆိုးရွားရွား ရရှိ ထားသူတစ်ဦး အပါအ၀င် အ သက် (၂၀) ကျော်အရွယ် လူလေးဦးအား ဆေးကုသပေးနေရသည်ဟု အစ္စရေးလူနာတင်ယာဉ်ဌာန ပြောရေးဆိုခွင့်ရှိသူ မာဂန်ဒေးဗစ်အဒွမ်က ပြောသည်။

သံသယရှိ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားများကို ယင်း ဒေသတွင် အစ္စရေးတပ်ဖွဲ့များက ရှာဖွေနေသည်ဟု စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အကြမ်း ဖက်တိုက်ခိုက်မှုများ ပိုမိုမြင့်တက် လာခဲ့သည်။

ဂျေရုဆလင်မြို့နှင့် ဘယ်သ လဟမ်တို့ကြား ထွက်ပေါက်တစ် နေရာတွင် ဇွန်လ ၂၉ ရက် နံနက် စောစောပိုင်းက ပါလက်စတိုင်း အမျိုးသမီးတစ်ဦးက အစ္စရေးစစ် သားတစ်ဦးကို ဓားဖြင့် ထိုးခဲ့သ ဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ် ဖွဲ့က ပြောသည်။

ဇွန်လ ၂၆ ရက်က အနောက်ဘက်ကမ်းခြေဒေသရှိ စစ်ဆေး ရေး ဂိတ်တစ်ခုကို ပါလက်စတိုင်း သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့သဖြင့် ပြန်လည်ပစ်သတ်လိုက်သည်ဟု အစ္စရေးစစ်သား များက ပြောသည်။

ယင်းဒေသတွင် ဇွန်လဆန်း က အလားတူ တိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့သည်။

ပါလက်စတိုင်း စစ်သွေးကြွ များက ဇွန်လအတွင်း အစ္စရေး နိုင်ငံဘက်သို့ ဂါဇာကမ်းမြောင် ဒေသမှ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးက ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်။

ယင်းဒေသမှာ ပါလက်စ တိုင်းသား ၂၀၀၀ နှင့် အစ္စရေး နိုင်ငံဘက်ခြမ်းမှ လူ ၇၂၃ ဦး သေ ဆုံးခဲ့သည်။

ပြီးခဲ့သည့်နှစ် ဂါဇာစစ်ပွဲ ပြီးဆုံးပြီးနောက် တိတ်ဆိတ်ငြိမ် သက်နေခဲ့သည်။

၁၉၆၇ ခုနှစ် အရှေ့အလယ် ပိုင်း စစ်ပွဲအတွင်း အစ္စရေးတွင် သိမ်းပိုက်ထားသည့် ဒေသများ ဖြစ်သော ဂါဇာကမ်းမြောင်ဒေသ၊ အနောက်ဘက်ကမ်းခြေဒေသနှင့် ဂျေရုဆလင်မြို့အရှေ့ပိုင်းတို့ ပါဝင်သော ဒေသများကို ပါလက်စ တိုင်းက နိုင်ငံတည်ထောင်ရန် ကြိုးစားနေသည်။

ယင်းနှစ်ဖက်ကြား နောက် ဆုံးအကျော့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲများသည် ၂၀၁၄ ဧပြီလအ တွင်း ပြိုကွဲသွားခဲ့သည်။

—Ref: Reuters

No comments:

Post a Comment