Wednesday 1 July 2015

ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲမဖြစ်မြောက်အောင် KIA ကြံစည်နေပြီ

၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေသူတွေ၊ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်း ကို မဲပေးနိုင်ဖို့ မဲစာရင်းထဲမှာပါ၊ မပါ ကြည့်ရှုသူတွေနဲ့ လှုပ်ရှားသက်ဝင်လျက် ရှိပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံ သားတိုင်းမလွဲမသွေ လုပ်ဆောင်ရမယ့် ၀တ္တရားလည်းဖြစ် ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေတဲ့အဖွဲ့တွေလည်းရှိနေပါတယ်။ တော်တော်လေး စိတ်မကောင်းစရာပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တိုးတက် ကြီးပွားမှာကို မလိုလားတဲ့ သဘောလို့ပြောနိုင်ပါတယ်။

အဲဒီအဖွဲ့ကတော့ KIA အဖွဲ့ဖြစ်ပါတယ်။ KIA အဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပနိုင် အောင်ကြံစည်နေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ပထမဆုံးကြံစည်မှုအဖြစ် မူဆယ်မြို့၊ ကုန်သွယ်ရေးဇုန် အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာက စပြောရမှာဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့ မနက် ၁ နာရီလောက်မှာ ကုန်သွယ်ရေး ဇုန်အနီးတစ်ဝိုက်က နေရာ ၃ ခုကို KIA အဖွဲ့က လက်နက်ကြီးနဲ့ လှမ်းပစ်သွားတာဖြစ်ပါတယ်။ 

တော်တော်အောက်တန်း ကျယုတ်မာပြီး မိန်းမဆန်တဲ့ အဖွဲ့လို့ ပြောရမှာပဲ။ “ကုန်သွယ်ရေးဇုန်၊ ယာဉ်စစ် ကွင်း ရှေ့မှာရှိတဲ့ ရွှေလိပ်ပြာစားသောက်ဆိုင်ရဲ့ အမိုးပေါ်ကိုကျတယ်၊ နောက်တစ်လုံးက စီးပွားကူးသန်း အောက်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ရှေ့ မြက်ခင်းပေါ်ကိုကျတယ်၊ တတိယတစ်လုံးကတော့ ပဲပြောင်း နှမ်း ကုန်စည်ဒိုင်ဘေးမှာရှိတဲ့ အဆောက်အဦကို ထိမှန်တယ်။ မူဆယ် ၁၀၅ မိုင် အနီးမှာတော့ လက်နက် ကြီးနဲ့ ပစ်တာတွေ၊ မိုင်းခွဲတာတွေ မကြာခဏဖြစ်နေတာပါပဲ၊ အဓိကလုပ်တဲ့အဖွဲ့က KIA အဖွဲကလွဲလို့ အခြားမရှိပါဘူး၊ ဒီကောင်တွေကို စိစိညက်ညက်ကြေအောင် အစိုးရတပ်တွေက ဆုံးမစေချင်တယ်ဗျာ” ဟု မြို့ခံ တစ်ဦးကဆိုပါတယ်။

KIA အဖွဲ့အနေဖြင့် မူဆယ်မြို့၊ ကုန်သွယ်ရေးဇုန်အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုဟာ နယ်မြေ ဒေသ တည်ငြိမ် အေးချမ်းရေးကို ဖျက်ဆီးရာရောက်သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပနိုင် အောင် အခုလို အဖျက်လုပ်ငန်းတွေ ကြံစည်လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။ အဲဒီလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အဖျက်လုပ်ငန်းတွေလုပ်နေသလို ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း မဲပေးရေးနဲ့ပတ်သက်ပြီး KIA အဖွဲ့က ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

“ကြားရတဲ့သတင်းကတော့ စိတ်မကောင်းစရာပေါ့ဗျာ၊ KIA အဖွဲ့က ဒီနယ်မြေထဲမှာနေတဲ့ဒေသခံတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတွေလုပ်နေတယ်လို့ ကြားတယ်၊ 

ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲပေးနိုင်တဲ့သူစာရင်း ကြေညာတာ၊ ရွာသူရွာသားတွေက ရွေးကောက်ပွဲ အတွက် မဲထည့်တာတွေကို KIA ရဲ့အမိန့်တစ်စုံတစ်ရာမရရှိဘဲ မလုပ်ရ ဘူးလို့ပြောတယ်၊ မဲစာရင်း ကပ်တာ၊ မဲထည့်တာတွေလုပ်ရင် KIA က တာဝန်မယူဘူးလို့ ခြိမ်းခြောက်ထားတယ်လို့ သိရတယ်၊ နမ့်ဆာ၊ မဂျီဘွမ်၊ ဘာထန်၊ စီခမ်းကြီး၊ သံတံတား အဲဒီရွာတွေပါတယ်၊ သူတို့က တိုင်းပြည်အရေးလည်း လိုက် ကန့်သတ်၊ ပြည်သူ့ရပိုင်ခွင့်လည်းလိုက်ကန့်သတ် လုပ်နေတာ လက်ခံစရာမရှိဘူး၊ လွှတ်ပေးထားရင် ရောင့်တက်တယ် သူ့အဆင့်သူသိအောင် ထိထိရောက်ရောက် ဆုံးမစေချင်တယ်” ဟု မံစီမြို့ခံတစ်ဦးက ပြောပါတယ်။

KIA အဖွဲ့အနေနဲ့ ကချင်ပြည်နယ်အတွင်းရှိဒေသတွေမှာ ဒီလိုလုပ်တာဟာ ကချင်လူထုကိုပဲ နစ်နာစေမှာ ဖြစ်ပါတယ်။ ကချင်ပြည်သူတွေ ရွေးကောက်ပွဲအတွက် မဲထည့်ခွင့်မရတာ KIA ကြောင့်ပါ။ သူတို့ ရွေးချယ်ခွင့်ရတဲ့ ကိုယ်စားလှယ် လောင်းကို မဲမပေးနိုင်တာ KIA ရဲ့အပြစ်ပါ။ ရှင်းရှင်းပြောရရင် ကချင်ပြည်သူတွေဟာ အခြားတိုင်းရင်းသားတွေနဲ့ တန်းတူ အခွင့်အရေးမရဘဲ လူ့အခွင့်အရေးချိုးဖောက် ခံနေရတယ်လို့ပဲ မြင်ပါတယ်။ ပညာမတတ်တဲ့ ကချင်လူထုအနည်းငယ်က တော့ ဘာမှမပြောတတ်၊ မဆိုတတ်ပေမယ့် ပညာတတ်ကချင်လူငယ်တွေကတော့ KIA ရဲ့ လုပ်ရပ်ကို လုံးဝ ခွင့်မလွှတ်နိုင် ဘူးလို့ ပြောဆိုမှုများလည်း ရှိနေပါတယ်။ ဒါဆိုရင် KIA ကို ဒီအတိုင်းကြည့်နေမလား။ ကချင်ပြည်သူတွေကတော့ KIA ကို ကြောက်လို့ မပြောရဲပေမယ့် အဲဒီအဖွဲ့ကို အစိုးရတပ်တွေအနေနဲ့ အမြစ်ပြတ်တိုက်ခိုက် ချေမှုန်းပေးစေချင်တဲ့ ဆန္ဒရှိနေကြ ပါတယ်။

တကယ်တော့ KIO/ KIA ခေါင်းဆောင်တွေဟာ ကချင်လူထုနစ်နာအောင် အမြဲတမ်းလုပ်နေတာ တွေ့ရပါတယ်။ အစိုးရနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးလို့ စစ်ဘေးဒုက္ခသည်စခန်းက ကချင်ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးဘူး။ KIA လက်မှတ်ထိုးမှ ငြိမ်းချမ်းရေးရမယ်ဆိုရင် ဒီတစ်သက် မမျှော်နဲ့တော့ လို့တောင် ပြောရမလို ဖြစ်နေပြီ။ ဒေသခံတွေကို အတင်းအကြပ် လူသစ်စုဆောင်းတာလည်း KIA ပဲ။ နှစ်စဉ်ဆက်ကြေးငွေနဲ့ ရိက္ခာတောင်းတာလည်း ဒီအဖွဲ့ပဲ။ ကချင်ပြည်သူတွေအတွက် သူတို့ကောင်းတာ ဘာရှိလဲ၊ အခုလည်းပဲကြည့်လေ။ KIO ဗဟိုဌာနချုပ်ရဲ့ မှာကြားချက်အရ KIO/KIA နယ်မြေအတွင်းမှာရှိတဲ့ ဒေသအနှံ့အပြားမှာ မဲပေးတာနဲ့ပတ်သက်ပြီး ကန့်သတ်တားဆီးသွားမယ်လို့လည်း သိရတယ်။ သူတို့ပြောထားတဲ့အတိုင်း မလိုက်နာရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားတယ်ဆိုလား။ ကချင်ပြည်နယ် မှာ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် KIA ကြံစည်နေပြီ၊ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် ကြံစည်တာ ဆိုရင်တော့ KIA ကို ရှင်းပစ်မှရမယ်၊ ဒါမှ ကျင်းပလို့ရမှာလေ၊ ဒီကိစ္စက ခွင့်လွှတ်စရာအကြောင်းမရှိဘူးလို့ပဲ ပြောချင်ပါတယ်။

ဇော်လင်းအောင်
Today Myanmar 

No comments:

Post a Comment