Wednesday 1 July 2015

အချိန်ပိုလုပ်ခဥပဒေ ပြန်လည်ပြင်ဆင်ရန်အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ၎င်းအနေဖြင့် အမေ ရိကန်၏ အချိန်ပိုအလုပ်လုပ်ခြင်းဆိုင် ရာ လုပ်ထုံးလုပ်နည်းကို ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်လူလတ် တန်းစား များကို အကျိုးရှိစေရန်ဖြစ်ကြောင်း၊ သူ၏အစိုးရအနေဖြင့် နိုင်ငံရေးအောင် မြင်မှုများ ရရှိလာပြီး နောက် ယခုကဲ့ သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မကြာမီက အမေရိကန်တရား ရုံးချုပ်၌ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်နှင့် ကွန်ဂရက်တွင် လိင် တူထိမ်းမြားခွင့်ဥပဒေနှင့် ကုန်သွယ် ရေးဥပဒေတို့ အနိုင်ရရှိခဲ့သည်။ 

အိုဘားမားက ၎င်းအနေဖြင့် ယခုအခါ အမေရိကန်များစွာ အာမခံရှိသော အချိန်ပိုလုပ်ခရရှိရေးကို ဦးတည် လုပ် ဆောင်သွားမည် ဟု ပြောခဲ့သည်။

Huffington Post သတင်းစာ ၌ ဆောင်းပါးရေးသားဖော်ပြရာတွင် အိုဘားမားက ၎င်းသည် ယခုအပတ် တွင် ဝက်စ်ကွန်ဆင်သို့ သွားရောက် ကာ လာမည့်နှစ် အလုပ်သမားငါးသန်း ခန့် အချိန်ပိုလုပ်ခရရှိစေမည့် ၎င်း၏ အစီအစဉ်ကို ချပြသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုအခါ အမေရိကန်အများ စုသည် ရရှိသော လုပ်ခထက်ပို၍ အ လုပ်လုပ်ပေးနေကြရကြောင်း အိုဘား မားက ရေးသားဖော်ပြ ခဲ့သည်။ 

ဤသည်မှာ မိမိတို့အနေဖြင့် အချိန်ပိုလုပ်ခ လုပ်ထုံးလုပ်နည်းများကို အ ချိန်ကြာမြင့်စွာ မပြင်ဆင်ဘဲထားခဲ့ ၍ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

အားလုံးသော လခစားအလုပ်သမားများကို လစာငွေဒေါ်လာ ၅၀၄၀၀ ရရှိ အောင် လုပ်သွားရမည် ဖြစ်ကြောင်း ယခုအခါ ဟာပေါက်များရှိနေ၍ လုပ် ခများစွာ နည်းပါးကြောင်း ၎င်းက ပြောခဲ့သည်။

ဤနိုင်ငံ၌ ကြိုးစား၍လုပ်ငန်း လုပ်သူများကို သင့်လျော်သောလုပ်ခ များပေးရန် လိုအပ်ကြောင်း။ ဤစာ အုပ်မှာ အမေရိကန်လူ လတ်တန်း စားများ၏ နှလုံးထဲတွင်ရှိနေကြကြောင်း အိုဘားမားက ပြောခဲ့သည်။

မကြာမီက တရားရုံးချုပ်က အိမ် ရာခွဲခြားမှုတိုက်ဖျက်ရေးကို အတည် ပြုပေးခဲ့ခြင်းမှာလည်း အိုဘားမား အစိုးရ၏ အောင်မြင်မှု တစ်ရပ်ဖြစ် သည်။

Ref: AFP
Democracytoday 

No comments:

Post a Comment