Wednesday 1 July 2015

လူကို ပတ်ဝန်းကျင်မှာ ပျောက်သွားအောင် ဆွဲတဲ့ ပန်းချီ

ဆွစ်ဇာလန်မှ ပန်းချီပညာရှင် Filippo Ioco ဟာ Body painting ကို အထူးပြု တတ်မြောက်ကျွမ်းကျင်ပါ တယ်။ သူ့ရဲ့တီထွင်ဖန်တီးမှုများကို ယခုလို မြင်တွေ့ရမှာဖြစ်ပါတယ်။


လူတစ်ယောက်ကို သဘာဝပတ်ဝန်းကျင်အရောင်နဲ့လိုက်အောင်ဆွဲပြီး ယင်းပတ်ဝန်းကျင်မှာပဲ ပျောက်သွား အောင် ရေးဆွဲခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်းသို့ ဆွဲဖို့အတွက် ရေဆေးတစ်ခုတည်း မဟုတ်တော့ပဲ အရောင်မှုန့်များ၊ သဘာဝ အပင်များ၊ မြေများကိုပါ အသုံးပြုရပါတယ်။

လူတစ်ယောက်ကို ယင်းကဲ့ သို့ ပျောက်သွားအောင် ဆွဲဖို့အတွက် တစ်နာရီကနေ ၈ နာရီလောက်အထိ အချိန်ကြာပါတယ်။

သူဆွဲရမယ့် ပတ်ဝန်းကျင်အရောင်စုံမှုအပေါ်မှာ မူတည်ပြီးတော့ အချိန်ကြာခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ Filippo ရဲ့ ဖန်တီးမှုတွေကို ကြည့်လိုက်ရင် အရောင်နည်းတဲ့ background များကို အသုံးများ ထားခြင်းအား မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် Filippo ဟာ သူ့ရဲ့ လက်စွမ်းကို တောမှာတင် မကပဲ အရောင်စုံတဲ့ မြို့တွေမှာလည်း ပြသပါ တယ်။ 

မရရရအေင် မြှုပ်ပြ ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကယ်လီဖိုးနီယား၊ နဗဒါ နဲ့ အီတလီအပြင် အခြားသော ဥရောပ၊ အမေရိက ဒေသများကို သွားရောက်လို့ ဆွဲပြီး ဓာတ်ပုံများ ပြန်ရိုက်ကူးပါတယ်။ 

သတိမထားမိတဲ့သူတွေအတွက်ဆိုရင် လူကိုမြင်ရမှာတောင်မဟုတ်ပါဘူး။ အချို့ ပုံတွေဆိုရင် တစ်ယောက် တည်း မဟုတ်ပဲ နှစ်ယောက်မက ဖြစ်နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 


Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment