Wednesday 1 July 2015

ဝ ကို အစိုးရတပ်မတော် တကယ်တိုက်နိုင်မှာလား

ဓါတ်ပုံ- ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် အစိုးရတပ်မတော်
(ဆောင်းပါး)
ဆောင်းပါးရှင်- ခမ်းမိဏ်းဟွမ်
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - သျှမ်းပြည်နယ်စပ် တလွှားမှာ အစိုးရတပ်မတော် နဲ့ ဝ ပြည်သွေး စည်း ညီညွှတ်ရေးတပ်တော် တို့ သစ်ပြဿနာကြောင့်တွေ့ဆုံဖြေရှင်းမှု ပြေလည်သွားပြီ။ စစ်ရေးတင်းမာ မှုပြေ လျှော့ သွားပြီ- စသဖြင့်သတင်းတွေ ထွက်နေပေမယ့် လက်တွေ့က မီးခဲပြာဖုံး ကြိမ်မီးအုန်း သလို အချင်း ချင်း လက်သီးဆုတ် အိပ်ကပ်ဖုံး အပြုံးမျက်နှာနဲ့ ဟန်ဆောင်ဆက်ဆံနေကြတယ်ဆိုရင် လည်းမှားမယ် မထင် ပါဘူး။

သစ်ခုတ်မှုပြဿနာကြောင့် ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ရဲ့ လူ ၁၆ ယောက်၊ သစ် တန်ချိန် ၃၀၀ ခန့်ကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီ လူ ၁၆ ယောက်ထဲမှာ ၆ ယောက်က တရုတ် ပြည်က တရုတ်လူ မျိုးလို့ အစိုးရက စွပ်စွဲထားပါတယ်။ သစ်ရောလူပါ ပြန်ရဖို့ တောင်းဆိုပေ မယ့် အစိုးရဘက်က ပြန်ပေး တဲ့အတွက် ဝ တပ်ဖွဲ့က အင်အားဖြည့် ခြိမ်းခြောက်တဲ့အတွက် တပ်မတော်ဘက်က နားထင်ကိုတံတွေး ဆွတ် ခံလိုက်ရသလို အမျက်တော် ရှသွားပုံရတယ်။

ကိုယ်မွေးတဲ့မျောက်ကိုယ့်ကိုပြန်ခြောက်ဆိုသလို တပ်ချုပ်ကြီးက ဝ ကို နေပြည်တော် ဆင့်ခေါ်ပြီး ရာဇသံ ပေး လိုက်တယ်လို့ ဆိုပါတယ်။
(၁) အချက် ပြန်ပေးမယ်လို့ ပြောထားတဲ့သစ်တန်ချိန် ကိစ္စလည်း ပြန်ပေးတော့မှာ မဟုတ်ကြောင်း၊
(၂) ဖမ်းထားတဲ့အဲဒီတရုတ် ၆ ဦးကိုလဲ ပြန်လွှတ်မှာမဟုတ်ဘဲ နိုင်ငံတော် တည်ဆဲ ဥပဒေနဲ့ အညီ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် တပ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မဟုတ်ကြောင်း၊ နိုင်ငံတော် အတွင်း မှာနေထိုင်ပြီး နိုင်ငံတော်ကိုအာခံ လို့မရကြောင်း၊ ဒီ့အတွက်ထိုက်တန်တဲ့အရေးယူမှု ပြုလုပ်သွား မည်ဖြစ် ကြောင်း ဝ တပ်ဖွဲ့ကို ပြောကြားလိုက်တယ်လို့ ဆိုပါတယ်။
ဒီ့အတွက်ကြောင့်လားတော့မသိဘူး။ သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အခြေစိုက် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေကို စုစည်းပြီး ဂျွန် ၂၇ ရက်နေ့က သံလွင်အရှေ့ပိုင်း မိုင်းဆတ် ခရိုင် မိုင်းတုံ မြို့နယ် ထိုင်းနယ်စပ် ၀ ထိန်းချုပ်ဒေသဘက်သို့ပို့ဆောင်လိုက်ပါတယ်။ စစ်ကားကြီး ၅၀ ကျော်က လူသူ လက်နက်ကြီးတွေ နဲ့အတူ ရေပေါ် လျှပ်ပြေးမော်တော် စပစ်ဘုတ်တွေလဲ ယူဆောင်လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဂျွန်လဆန်းပိုင်း ပြဿနာ စတင်လာကတည်းက တပ်ချထားတဲ့နေရာ တချို့ နှုတ်ထွက် ခြင်း မရှိသေးတာကလွဲလို့ ၀ ဘက်ကတော့ ထူးထူးခြားခြား လှုပ်ရှားတာမရှိသေးပါဘူး။ ပြောရေး ဆိုခွင့် ဦးအောင်မြင့်ကလဲ မီဒီယာတွေ ကို စစ်ရေးတင်းမာနေမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ဘဲ ဖြေရှင်းသွားမယ် လို့ ပြောပါတယ်။

မိုင်းတုံသား စိုင်းန က “တင်းမာနေတဲ့အနေအထား ဘယ်အဆင့်ရှိနေလဲ ဆိုတာ ကျနော်တို့လဲ မသိဘူး။ ကျနော်တို့ မိုင်းတုံမြို့တွင်းတော့ ပုံမှန် သွား လာနေတာဘဲ။ တခုတော့ရှိတယ် စရဖ အကြီး အကဲ တဦးက ကျနော် တို့ကို နောက်သလိုလို လာပြောတယ်။ ခင်ဗျားတို့ ပုန်းဖို့ ခံတုတ်ကျင်းတူး ထားတော့။ အလား အလာမကောင်းဘူး- လို့ ပြောတယ်” - ပြောပါတယ်။

ဝ အရာရှိ အိုက်စော က - အစိုးရ တပ်ဘက်က စစ်ရေးတွေ ပြင်ဆင်နေ တယ်။ လား တပ်တွေ အင်အား ဖြည့် နေတယ်။ ကျနော်တို့ အကုန်ကြား တယ်။ ကျနော်တို့ကတော့ အထက်အမိန့်ဘဲ။ ဆုတ်ဆိုဆုတ် ပေါ့။ အခုက ဆုတ်မိန့်ပေးမထားဘူး။ နေရာတော်များများမှာ ရှိနေတုန်းဘဲ။ ပုံပါကျင် - မိုင်းဟန် - မိုင်းတုံလမ်း ကင်းချ စစ်ဆေးတာတော့ နှုတ်လိုက်ပါပြီ။ ဒါပေမယ့် ဗမာတပ်က အင်အားဖြည့်လာ နေတာကြားတော့ စိတ်မချရဘူးလေ ချဆိုချဘဲပေါ့ - ဟုပြောပါတယ်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်ဟာ - လူအင်အားရှိ တယ်၊ ငွေရှိ တယ်၊ လက်နက် အပြည့်အစုံ ရှိတယ်။ သံချပ်ကာ ကားတွေရှိတယ်။ လေ ယာဉ် ပစ်သေနတ်တွေရှိတယ်။ ဒါ့အပြင် တိုက်ရဟတ်ယာဉ် တွေ လဲ ရှိတယ်လို့ သတင်းထွက်နေပါသေးတယ်။ ကျောထောက်နောက်ခံ နိုင်ငံလည်း အပြည့်အ၀ ရှိတယ် - ဒါ့ကြောင့် မြန်မာ့တပ်မတော်ကနေ အင်အားသုံး တိုက်ခိုက် လာမယ်ဆိုရင် မိမိနယ်မြေဒေသ ကာကွယ်ဖို့ အဆင်သင့်ရှိတယ်လို့ ရဲဝံ့စွာ ပြောကြားလာတာ ဖြစ်ပါ တယ်။

ဝ တပ်ဖွဲ့ဟာ ၁၉၈၉ အပစ်ရပ်တဲ့နောက်ပိုင်း စစ်အစိုးရ နဲ့ပူးပေါင်းပြီး ခွန်ဆာဦးဆောင်တဲ့ မုန်းတိုင်း တပ်မတော်ကို တိုက်ခိုက်ခဲ့ပါတယ်။ ထို့အတူ ၂၀၀၁၊ ၂၀၀၂ နဲ့ ၂၀၀၅ ခုနှစ် ကလဲ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင် တဲ့ သျှမ်းပြည်တပ်မတော် ကို အင်အားအလုံးအရင်းနဲ့ တက်တိုက်သော် လည်း အရှုံးမလှ နဲ့ နောက်ဆုတ်ခဲ့ရပါတယ်။

ထိုစဉ်ဗိုလ်ချုပ်ကြီး ခင်ညွန့်က သျှမ်းပြည်တပ်မတော်ထံကနေ ရတဲ့ တပ်စခန်းအားလုံး ၀ တပ်ဖွဲ့ကိုပေး မယ်၊ အခြေစိုက်နိုင်တဲ့နေရာအားလုံး ၀ တပ်ဖွဲ့နဲ့ တပ်မိသားစုဝင်တွေ နေခွင့် ပေးမယ်လို့ ကတိကဝတ် ပြု ထားတာကို အကြောင်းပြပြီး ထိုင်းနယ်စပ်မှာ ရှိတဲ့ နယ်မြေတွေ ကို မြောက်ပိုင်း ၀ နယ်တွဲပြီး တည်းခြား ပြည်နယ် ထူထောင် လိုတာဖြစ် ပါတယ်။ 

၂၀၀၉ ခုနှစ်က စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ပြောင်းလဲရေး ဖိအားပေးခံခဲ့တဲ့အချိန်က တကြိမ်၊ ၂၀၁၃ ခုနှစ်က တကြိမ် မြောက်ပိုင်း တရုတ်နယ်စပ်တို့ တပ်ရုပ်ပြန်ဖို့ ဖိအားပေးခံရတဲ့ အချိန် မြန်မာ့တပ်မတော် နဲ့ စစ်ရေးတင်းမာခဲ့ဖူးပါတယ်။ ဒါပေမယ့် ထိပ်တိုက်တဲ့ အဆင့်မရောက်ခဲ့ပါဘူး။

လက်ရှိအနေအထားကလဲ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းနိုင်ရင် ၀ တပ်နဲ့ မြန် မာ တပ်ပူးပေါင်း တိုက် ခိုက်မှုကိုခံခဲ့ရဖူးတဲ့ သျှမ်းပြည်တပ်မတော်ကလဲ စစ်ဘေးစစ်ဒဏ်အတွက် စစ်ဘေးရှောင်လူထုကို အကာကွယ်ပေးဖို့ အသင့် ပြင်ဆင်ထားတယ်လို့ ခိုင်လုံတဲ့သတင်းက ပြောပါတယ်။

မြန်မာအစိုးရ ရဲ့ ငြိမ်းချမ်းရေး အဆင့်မြင့်ကိုယ်စားလှယ်ကြီးတဦးကတော့ - မြန်မာ့ တပ်မ တော် မှာ စစ်သည်အင်အား ၅ သိန်းရှိတယ်။ ၅၀၀၀ လောက်ထိုးကျွေးလိုက်ရင် UWSA ၀ တပ်ဖွဲ့နယ်မြေအားလုံး ကို ထိန်းချုပ်နိုင် လောက်တယ်လို့ပြောပါတယ်။

ဝ တပ်ဖွဲ့မှာတော့ တောင်ပိုင်းထိုင်းနယ်စပ် အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံတပ်မဟာ ၅ ခု၊ မြောက်ပိုင်း တရုတ်နယ်စပ်မှာ ပန်ဆန်း ဗဟိုဌာနချုပ်အထူး တပ်မဟာ အပါအဝင် တပ်မဟာ ၄ ခု ရှိပါတယ်။

UWSP ဥက္ကဌကြီး ပေါက်ယူချမ်း ဦးဆောင်နေတဲ့ လက်ရှိ ဝ ပြည်သွေး စည်းညီညွှတ်ရေး တပ်မ တော် တွင် တပ်မဟာ ၉ ခု ရှိကြောင်း၊ တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ဝ နယ် ၄ ခု၊ တပ်မ ဟာ တခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိကြောင်း၊ ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်း ရှိသေးကြောင်း ပန်ဆန်း ဌာနချုပ် ၀ အရာရှိကြီးတဦး ကပြောပါသည်။ 

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ မြောက်ပိုင်း ဝ နယ်မှာဆိုရင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့ တပ်မဟာသစ် ၆၁၈ အပြင် တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ တို့ ဖြစ်ကြသည်။ 

မြန်မာ့တပ်မတော်ကတော့ ပြည်ထောင်စုတဝှမ်းလုံးမှာ ကြည်းတပ် စစ်တိုင်း ကြီး ၁၄ ခု အနက် သျှမ်း ပြည် နယ်အတွင်းမှာ ၄ ခု။ စစ်တိုင်းတခုလျှင် လက်အောက်ခံတပ်ရင်း ၄၅ ရင်းကနေ ၅၀ ရင်း အထိရှိ ပါတယ်။ ဆေးတပ်၊ အင်္ဂျင်နီယာတပ်၊ သံချပ်ကာတပ်၊ အမြောက်တပ်၊ ထောက်ပံ့တပ်… စတဲ့တပ်ေ တွ မပါ ဝင်ေ သးပါဘူး။

မည်သို့ပင်ဆိုစေ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဟာ ၁၉၈၉ ခုက ပထမ အကြိမ် အပစ်ရပ်ပြီး ဦးသိန်းစိန်အစိုးရတက်လာသည့်တိုင် ၂၀၁၁ ခုနှစ်က ပဏာမအဆင့် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အင်အားကြီးအဆုံး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပါတယ်။

သျှမ်းသံတော်ဆင့် 

No comments:

Post a Comment