Wednesday 1 July 2015

တည်ထောင်ပြီး တစ်နှစ်ကြာချိန်အထိ အိုင်အက်စ်အဖွဲ့ အင်အားကောင်းနေ

အယ်လ်ကိုင်ဒါအဖွဲ့ ၀င်ဟောင်းများ ဖွဲ့စည်းထားသည့် အိုင်အက်စ်အဖွဲ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံ တို့တွင် ၎င်းတို့ သိမ်းပိုက်ထားသော ဒေသများ၌ အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ကြောင်း ကြေညာပြီး နောက် တစ်နှစ်အကြာတွင် အမေရိကန်ဦးဆောင်သည့် စစ်ဘက်ဆိုင်ရာဖိအားများနှင့် ရင်ဆိုင် နေရသော် လည်း အင်အားအလွန် ကောင်းနေဆဲဖြစ်ကာ အဓိကမြို့ များကို ထိန်းချုပ်ထားနိုင်ဆဲဖြစ် ကြောင်း ကန်စစ်ဌာနချုပ် ပင်တဂွန်က ပြောသည်။

အိုင်အက်စ်အဖွဲ့ နယ်မြေ အများဆုံး သိမ်းပိုက်နိုင်ချိန် ဒေသ များ၏ လေးပုံတစ်ပုံကို ၎င်းတို့ ဆုံးရှုံးသွားခဲ့ပြီး ကာ့ဒ်လူမျိုးများ ဦးဆောင်သော ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်နေရစဉ် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ယင်း အဖွဲ့သည် ဖရိုဖရဲဖြင့် အကြိမ်များစွာ ထွက် ပြေးခဲ့ရကြောင်း ကန်ကာကွယ် ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိ ပုဂ္ဂိုလ် ဗိုလ်မှူးစတိဗ်ဝါရန်က ပြောသည်။

သို့သော် အိုင်အက်စ်အဖွဲ့ က အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို ထိန်းချုပ်ထားဆဲဖြစ်သည့် ယင်း မြို့တွင် အိုင် အက်စ် ခေါင်းဆောင် အဘူဘာကာအယ်လ်ဘာဒါဒီက အစ္စလာမ်နိုင်ငံ ခေါင်းဆောင်အ ဖြစ် ပြီးခဲ့သည့် နှစ် ဇူလိုင်လက ကြေညာသတ်မှတ်ခဲ့သည်။

 ယင်းအစ္စလာမ်မစ်နိုင်ငံ တော်  တည်ထောင်ကြောင်း ၂၀၁၄ ဇွန်လ ၂၉ ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းအဖွဲ့သည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ ကျယ်ပြန့်သော အန်ဘာခရိုင်၏ မြို့တော် ရာမာဒီ မြို့ကို မကြာသေးမီက သိမ်းပိုက် ခဲ့သည်။

အမေရိကန်ဦးဆောင်သော  ညွန့်ပေါင်းအဖွဲ့၏ တိုက်ခိုက်မှုများ ထိရောက်မှုရှိသည်ဟု မိမိ တို့ ယုံကြည် သော်လည်း ပြီးခဲ့ သည့် သီတင်းပတ်က ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့တွင် ဖျက်ဆီး တိုက်ခိုက်မှုမျိုးကဲ့သို့ တိုက်ခိုက် နိုင်စွမ်းများ အိုင်အက်စ်အဖွဲ့တွင် ရှိနေဆဲဖြစ်သည်ဟု ၎င်းက ပြော သည်။

ကိုဘာနီမြို့တွင် ကားဗုံးများ၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့သည်။ 

—Ref: Reuters
7Day DAILY 

No comments:

Post a Comment