Wednesday 1 July 2015

ပြပွဲတွင်ရောင်းချသည့် ပတ္တမြားကို ယူရိုရှစ်သိန်းကျော်ဖြင့် မြန်မာကုန်သည်တစ်ဦးဝယ်ယူ

နေပြည်တော်ကျောက်မျက်ပြပွဲသို့ လာရောက်သည့် ကုန်သည်များ ကျောက်များကို ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ−နန်းအောင်)
နေပြည်တော်တွင်  ကျင်းပနေသည့်(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ပြပွဲ၌အခြေ ခံဈေးအမြင့်ဆုံး ယူရိုငွေ ခြောက် သိန်းဖြင့် တင်ရောင်းချခဲ့သည့် ပတ္တမြားကို ယူရိုရှစ်သိန်းကျော် ဖြင့် ပြည်တွင်းရတနာ ကုန်သည် တစ်ဦးက   ၀ယ်ယူသွားကြောင်း ကျောက်မျက်ပြပွဲ  ကျင်းပရေး ကော်မတီမှ သတင်းရရှိသည်။

‘‘ကျောက်မျက်မှာ ယူရိုခြောက်သိန်းနဲ့ ဈေးအမြင့်ဆုံးတင် ထားတာကို ယူရိုရှစ်သိန်းတစ် ထောင်နဲ့ ရောင်းရ တယ်။ ကျောက် မျက်မှာ အများဆုံးရောင်းရတဲ့ အတွဲဖြစ်တယ်’’ဟု ကျောက်မျက်ရ တနာပြပွဲစီမံရေးရာ လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ဦးသန်းဇော် ဦးကပြောသည်။

(၅၂) ကြိမ်မြောက် ကျောက် မျက်ပြပွဲတွင် ကျောက်စိမ်းတွဲ များအနက် အခြေခံဈေးအမြင့်ဆုံး အတွဲကို ယူရို ၁၂,၈၀၀,၀၀၀ ဖြင့် ဈေးပြိုင်တင်ပြထားကာ ကျောက်မျက်ဈေးပြိုင်အတွဲများ၌ ယူရို ၆၀၀,၀၀၀ ဖြင့် အခြေခံ ဈေးအ မြှင့်ဆုံးတင်ပြထားခြင်းဖြစ်ကြောင်း ကျောက်စိမ်းလုပ်ငန်း ကော်မတီလက်ထောက်ညွှန် ကြားရေးမှူး ဦးမင်းသူကပြောသည်။

အဆိုပါပတ္တမြားသည် မိုးကုတ်ဒေသမှထွက်ရှိပြီး အစိုးရနှင့် ပတ္တမြားနဂါးကုမ္ပဏီတို့အကျိုး တူပူးပေါင်းပြသ ထားခြင်းဖြစ် သည်။

အခြေခံဈေးအမြင့်ဆုံးဈေး ပြိုင်စနစ်ဖြင့် တင်ပြထားသည့် ကျောက်မျက်အတွဲကို ဇွန်လ ၂၇ ရက်တွင် ပြည်တွင်း ကုန်သည်တစ် ဦးက ၀ယ်ယူသွားပြီး ကျောက်စိမ်း အတွဲကို ဆက်လက်ရောင်းချနေ ကြောင်း ပြပွဲကော်မတီမှသတင်း ရရှိသည်။

ကျောက်မျက်ရတနာပြပွဲ ကာလ ခြောက်ရက်တာအတွင်း ကျောက်စိမ်းအတွဲ ၁,၉၀၀ ကျော် နှင့် ကျောက်မျက်အတွဲပေါင်း  ၁၂၆ တွဲ ရောင်းချခဲ့ပြီး ယူရိုငွေ ၁၂၂ ဒသမ ၉၆ သန်းရရှိခဲ့ကြောင်း ကျောက်မျက်ပြပွဲသတင်းထုတ် ပြန်ရေးကော်မတီမှ သတင်းရရှိ သည်။

ကျောက်မျက်ပြပွဲစတုတ္ထ နေ့တွင် ကျောက်မျက်အတွဲပေါင်း ၂၃၆ တွဲကို တင်ဒါစနစ်ဖြင့်လည်း ကောင်း၊ ကျောက်မျက် အတွဲပေါင်း ၈၇ တွဲကို ဈေးပြိုင်စနစ်ဖြင့်လည်း ကောင်း ရောင်းချခဲ့ရာတင်ဒါစနစ် ဖြင့် ၈၅ တွဲ၊ ဈေးပြိုင်စနစ်ဖြင့် ၄၁ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရောင်းချခဲ့သည့်ကျောက် မျက် ၁၂၆ တွဲအနက် ပြည်တွင်း ကုန်သည် ၁၉ ဦးက၈၅ တွဲဝယ်ယူ ခဲ့ပြီး ပြည်ပ ကုန်သည် ၁၁ ဦးက  ၄၁ တွဲဝယ်ယူခဲ့ကြောင်းသတင်းရ ရှိသည်။

ဇွန်လ ၃၀ ရက်တွင်ကျောက် စိမ်းအတွဲပေါင်း ၁,၄၅၀ ကို အိတ် ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချ သွားမည်ဖြစ်သည်။

(၅၂)ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲသို့ ပြည်တွင်း  ရတနာကုန်သည် ၂,၂၀၃ ဦးနှင့် ပြည်ပရတနာ ကုန်သည်၂,၃၂၄ ဦးတက်ရောက်ခဲ့ပြီး ကျောက် မျက်ရတနာရောင်းချပွဲကို ၂၀၁၅ ဇူလိုင် ၆ ရက်အထိ နေပြည် တော်၊ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပသွား မည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment