Wednesday 1 July 2015

IS အကြမ်းဖက်အဖွဲ့ အမျိုးသမီး (၂)ဦးအား ခေါင်းဖြတ်အဆုံးစီရင်

အစ္စလာမ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားတွင် အမျိုးသမီး နှစ်ဦးအား ခေါင်းဖြတ် အဆုံး စီရင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်္ဂါနေ့တွင် ပြောဆို ခဲ့သည်။

IS အကြမ်းဖက်အဖွဲ့သည် အရပ်သား အမျိုးသမီးများအား ပထမဆုံးအကြိမ် အဆုံးစီရင်ခြင်း ဖြစ်သည်။ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီယာအယ်လ်-ဇိုအရပ်တွင် ခေါင်းဖြတ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့၏ အကြီးအကဲ ရာမီအဗ္ဗဒူရာမန်က ပြောဆိုခဲ့သည်။

ခရိုင်ရှိ ဒီယာအယ်လ်-ဇိုမြို့၌ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကို ခေါင်းဖြတ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး အယ်လ်မေယာဒင်းမြို့၌ အခြားအမျိုးသမီးတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ကို ခေါင်းဖြတ်အဆုံး စီရင်ခဲ့ခြင်း ဖြစ် ကြောင်း ရာမီအဗ္ဗဒူရာမန်က ပြောဆိုခဲ့သည်။ သတ်ဖြတ်ခံရသူ လေးဦး သည် အစ္စလာမ်ဘာသာ၏ ဥပဒေ များနှင့် ဆန့်ကျင်သော အပြုအမူများကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်ဟု ၎င်းက ပြောဆိုခဲ့သည်။  

Source:Reuters
Messenger News Journal 

No comments:

Post a Comment