Wednesday 1 July 2015

တန့်ဆည်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ

မန္တလေးမြို့တွင် ဖမ်းဆီး ရမိခဲ့သော လက်နက်များနှင့် ဆက်စပ် သက်သေ များကို စစ်ဆေးရာမှ တရားမ၀င် လက်နက်ကိုင်ဆောင်သူ တစ်ဦးအား တန့်ဆည်မြို့နယ်တွင် ယခုလ (၃၀)ရက်နေ့၌ ထပ်မံ ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ထံမှ သိရသည်။

“မန္တလေးမှာ လက်နက်နဲ့ မိသူတွေဟာ တန့်ဆည်မြို့နယ်က တောအုပ်အတွင်းမှာ အမဲလိုက်ဖို့ ထွက်လာ ကြတာ ဖြစ်ပါတယ်။ ယခင်ကလည်း အမြဲတမ်း လိုလို လာပြီး အမဲလိုက်ဖူးတယ် ဆိုလို့ သူတို့ တည်းခိုခဲ့တဲ့ အိမ်ရှင်တွေ သို့မဟုတ် မိတ်ဆွေတွေကို စစ်ဆေးရင်း အခုလို ထပ်မံပြီး ဖမ်းမိ ခဲ့တာပါ”ဟု နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က  The Messenger Media  သို့ပြောသည်။

ဖြစ်စဉ်မှာ ယခုလ(၃၀)ရက် နံနက် (၁)နာရီခန့်က တန့်ဆည်မြို့နယ်၊ ကံထူးမ ကျေးရွာနေ ဦးကြည်ဆွေ(၆၀)နှစ် ထံမှ လက်နက် ခဲယမ်းများ ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများမှာ အရှည်(၃)ပေ (၄) လက်မရှိ စနိုက်ပါတပ်လျက် Remington အမျိုးအစား Mode&00 နံပါတ် B6429295 (၁)လက်၊ အရှည်(၃)ပေ ခန့်ရှိ စနိုက်ပါ တပ်လျက် ဒင်ခေါက်၍ ရသည့် လုပ်သေနတ်(၁)လက်၊ (၅ ဒသမ ၅၆) (၂၀၀၉)ကျည်(၂၈)တောင့် (၅ ဒသမ ၅၆)(၂၀၀၉)ကျည်ခွံ(၂၄)ခု၊ (၅ ဒသမ ၆)ာာ ကျည်(၃၈)တောင့် ၊ (၅ ဒသမ ၆)ာာ ကျည်ခွံ(၂၂)ခု၊ ပြောင်းတိုက်ဘရပ်(၁)ခု၊ ကတ်ထူ စက္ကူ နှစ်ဘူး၊ Japan စာတမ်းပါ လက်ကိုင် ဆလိုက်မီး (၂)ခု၊ (အရှည် (၇)တောင်ရှိ ၀ါယာကြိုး တပ်လျက်)၊ ဘထ္ထရီကလစ် နှစ်နှစ်ခုပါ အရှည်ငါးတောင်ရှိ ၀ါယာကြိုး တပ်လျက် တစ်ချောင်း၊ Power ဓာတ်ခဲ အသေး သုံးလုံး၊ ဘုရင်မရုပ်နှင့် Queen  စာတမ်းပါ ပိတ်စလက် ဆွဲအိတ် အဖြူ/စိမ်း(၁)လုံး၊ အောင်မြင့်မိုရ် ဆန်ရောင်းဝယ်ရေး စာတန်းပါ ပီနံအိတ်တစ်လုံး၊ သေနတ်ထည့်သည့် အနက်ရောင် သရေအိတ်(၁)လုံးတို့ ဖြစ်ကြောင်း တိုင်းဒေသကြီး  နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

Messenger News Journal 

No comments:

Post a Comment