Wednesday 1 July 2015

အာရှလမ်းမကြီးပေါ်ရှိ ငွေကောက်ခံနေသည့် နယ်ခြားစောင့်ဂိတ်စခန်းတစ်ခု ပိတ်သိမ်း

အာရှလမ်းမကြီးတစ်နေရာတွင် ငွေကောက်ခံနေသည့် ဂိတ်တစ်ခု (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အာရှလမ်းမကြီးပေါ် တွင် ငွေကြေးကောက်ခံနေသည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ လုံခြုံရေး ကင်းစခန်းတစ်ခု ကို ဇွန်လ ၃၀ ရက်မှစတင်ကာ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အာရှလမ်းမကြီးပေါ်တွင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF)၊ တပ်ရင်း (၁၀၂၂) လက်အောက်ခံ လုံခြုံရေးကင်း စခန်းတစ်ခုက ဂိတ်ဖွင့်၍ ငွေ ကြေးကောက်ခံနေခြင်းကို ဇွန်လ ၃၀ ရက်မှ စတင်ကာ ပိတ်သိမ်းစေခဲ့ခြင်းဖြစ်ကြောင်း BGF အမှတ် (၄) တပ်နယ်ကွပ်ကဲရေးမှူး ဗိုလ် မှူးစောချားမူးကပြောသည်။

‘‘ဆက်ကောက်ခံနေတယ် ဆိုရင် တိုင်ကြားနိုင်တယ်။ သူတို့ ကို လုံခြုံရေးကင်းစခန်းအနေနဲ့ ထားတာကို မိသားစုစားဝတ်နေ ရေးအရ ငွေကြေးကောက်ခံတယ်လို့ပြောတယ်။ အခုတော့ ခွင့်မပြုတော့ဘူး’’ဟု ဗိုလ်မှူးစောချားမူး ကပြောသည်။

အကယ်၍ BGF အဖွဲ့ကဟုဆိုကာ အာရှလမ်းပေါ်တွင် ငွေကြေးကောက်ခံပါက ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် (၄) တပ်နယ် ကွပ်ကဲရေးရုံး၊ အမှတ်(၁၀၂၂) တပ်ရင်းရုံးသို့ တိုင်ကြားနိုင် သည်ဟု ၎င်းက ဆက် လက်ပြောကြားသည်။

မဟာမဲခေါင်စီမံကိန်းတွင် ပါဝင်သည့် အာရှလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြဝတီ-ကော့ ကရိတ် လမ်းပိုင်း၌ ဒေသတွင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဒီကေဘီအေနှင့် ကေအင်န်ယူ/ ကေအင်န်အယ်လ်အေ-ပီစီတို့က စုပေါင်းဂိတ်ဖွင့်ကာ ငွေကြေးကောက်နေဆဲဖြစ်ပြီး ယင်း လမ်း ပိုင်း တရားဝင်ဖွင့်ပြီးပါက  မည်သည့်လက်နက်ကိုင်အဖွဲ့မှ ငွေကြေးကောက်ခံခွင့် မပြုတော့ ကြောင်း ညွှန်ကြားရေးမှူးအဆင့် ရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးကပြော သည်။ ယင်းလမ်းပိုင်းကို ဇူလိုင် ၂၀ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment