Wednesday 1 July 2015

လက်နှစ်ဖက် မရှိပေမယ့် အရာအားလုံးကို လုပ်နိုင်သူ

လက်နှစ်ဖက်တော့ မရှိပါဘူး။ ဒါပေမဲ့ အရာရာကို လုပ်နိုင်စွမ်းရှိပါတယ်။ မွေးရာပါ လက်နှစ်ဖက် မပါဝင် ခဲ့တာ ဖြစ်ပေမယ့် ဘ၀ကို လုံးဝအရူံးပေး ခဲ့ခြင်းမရှိဘဲ အရာအားလုံးကို လေ့လာသင်ယူ ခဲ့တာကြောင့် လေ ယာဉ်မောင်း လိုင်စင်ကိုတောင် ရယူနိုင်ခဲ့ပါ တယ်။ ဒါဟာ ထူးခြားမူဖြစ်ပြီး လက်နှစ်ဖက် မရှိသူတွေ ထဲမှာ ပထမဆုံး လေယာဉ် မောင်းနှင်နိုင်သူအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင်  တိုက်ကွမ်ဒို ကစားနည်းမှာလည်း  ခါးပတ်နက်ကို ရယူထား ပါတယ်။


မွေးရပါ မသန်စွမ်း ဖြစ်ခဲ့ပေမယ့် အရာအားလုံးကို လုပ်ပြခဲ့ပြီး ဘ၀တူတွေ အတွက် လေးစားအားကျ စရာဖြစ်ခဲ့ပါ တယ်။ အသက် (၃၂)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂျက်ဆီကာကော့စ်ဟာ ငယ်စဉ်ကတည်းက ဘ၀ကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မွေး ရာပါ လက်နှစ်ဖက် မပါဝင်တာကြောင့် လက်တုကို အသုံးပြုပြီး စာရေးနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ ဒီနောက် ခြေထောက် နှစ်ဖက်နဲ့ စာရေးနိုင်အောင် ကြိုးစားခဲ့ရာ ကနေ အရာအားလုံးကို ခြေထောက် နှစ်ဖက်ကို အသုံးပြုပြီး လုပ်နိုင်စွမ်းရှိလာပါတယ်။ ဂျက်ဆီကာဟာ သူ့ရဲ့ ခြေထောက် တွေနဲ့ အရာအားလုံးကို လုပ်နိုင်ကြောင်း သက်သေပြချင် တာကြောင့် ပြီးခဲ့တဲ့ ငါးနှစ်မှာ   လေယာဉ်မောင်း လိုင်စင်ရအောင် ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်တိုက်ကွမ်ဒို အဖွဲ့ချုပ်မှာ လက်နှစ်ဖက် မရှိဘဲ ပထမဆုံး ခါးပတ်နက် ရယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဂျက်ဆီကာဟာ အသက် (၃၀)နှစ်အရွယ် ရှိ ချိန်ဘာလိန်နဲ့ လက်ထပ်ထားပြီး သူတို့ ဇနီးမောင်နှံဟာ မသန်စွမ်းဖြစ်နေတဲ့ ကလေးငယ်တွေကို ကူညီ မူတွေ ပေးနေပါတယ်။

ဂျက်ဆီကာဟာ ကားမောင်ခြင်း၊ ကွန်ပျူတာ အသုံးပြုခြင်း၊ ပီယာနိုတီးခြင်း စတာတွေကိုလည်း ပြုလုပ် နိုင်စွမ်း ရှိပါတယ်။ ဂျက်ဆီကာက လူတွေဟာ လက်နှစ်ဖက် မရှိတော့ရင် စွမ်းဆောင်နိုင်မှုအား ကျဆင်း သွားတယ်လို့ ယူဆထားကြောင်း၊ မိမိ အနေဖြင့် ယင်းအချက် မှားယွင်းကြောင်းကို သက်သေပြသနိုင်ခဲ့ ကြောင်း ဟြေကြားခဲ့ပါ တယ်။ ဂျက်ဆီကာဟာ အသက်သုံးနှစ် အရွယ်မှာ ကျွမ်းဘားကို စတင်ကစားခဲ့ပြီး အသက်ငါးနှစ်မှာ ရေကူးခြင်း၊  အသက်ခြောက်နှစ်မှာ အကကခြင်း၊ အသက် (၁၀) နှစ်မှာ တိုက်ကွမ်ဒို ကစားခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ လက်ရှိ လက်ထပ်ထားသူကို တိုက်ကွမ်ဒို လေ့ကျင့်ရေးမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါ တယ်။ ဂျက်ဆီကာက မသန်စွမ်း ဖြစ်နေခြင်းကြောင့် စိတ်ပျက်စရာ မလိုကြောင်း၊ မိမိ အနေဖြင့် ဘ၀တူများကို အားပေးမှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။

Messenger News Journal 

No comments:

Post a Comment