Wednesday 1 July 2015

ယနေ့မှစတင်ကာ နှစ်နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင်ခွင့်ပြုလိုက်သည့် '၆ဂ'အက္ခရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ သတ်မှတ်သက် တမ်းကျော်လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ခ တစ်နှစ်စာ၏ ၅ဝ ရာ ခိုင်နှုန်းကို ပေးဆောင်ရမည်


ယနေ့မှစတင်ကာ နှစ်နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင် ခွင့်ပြုလိုက်သည့် '၆ဂ'အက္ခရာယာဉ် နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ သတ်မှတ်သက်တမ်းကျော် လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ခ တစ်နှစ် စာ၏ ၅ဝ ရာခိုင်နှုန်း ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံး မှ သိရသည်။

'၆ဂ' အက္ခရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ နှစ် နှစ်တစ်ကြိမ် မှတ်ပုံတင်သက်တမ်း တိုးရာတွင် မှတ်ပုံတင်ခ (နှစ်နှစ်စာ) ကျပ် ၃ဝဝဝဝ၊ ယာဉ်စစ်ဆေးခ ကျပ် ၅ဝဝဝ၊ ဟိုလိုဂရမ် ကျပ် ၂ဝဝ၊ အ ဝိုင်းပလတ်စတစ် ကျပ် ၁ဝဝ၊ အဝိုင်း ကျပ် ၁ဝဝဝ စုစုပေါင်း ကျပ် ၃၆၃ဝဝ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဦးစီး မှူးရုံး မြင်သာ(ကညန)မှ အကြီးတန်း အရာရှိတစ်ဦးက''ရက်လွန်ကြေးအ နေနဲ့တော့ မှတ်ပုံတင်ကြေးတစ်နှစ် စာရဲ့ ၅ဝ ရာခိုင်နှုန်း ကောက်ခံ သွားမှာပါ။ နောက်ပြီး အာမခံကြေးနဲ့ စည် ပင်ကြေး နှစ်နှစ်စာကြေးပေးပြီးမှ သာ မှတ်ပုံတင် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမှာပါ'' ဟု ဆိုသည်။

ယခင်က ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်များကို တစ်နှစ်လျှင် တစ်ကြိမ် သက်တမ်းတိုးဆောင်ရွက် ပေးလျက်ရှိသော်လည်း ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစတင်ကာ မြညေိ နြတ တင်သွင်းလာသော ကိုယ်ပိုင် အိမ်စီးမော်တော်ယာဉ်များကို ကနဦး မှတ်ပုံတင်ချိန်၌ သက်တမ်းသုံးနှစ် အထိ တိုးမြှင့်သတ်မှတ်ဆောင်ရွက် ပေးခဲ့ပြီး ကျန်ရှိနေသော စက်မှုဇုန် ကားများ၊ အငှားယာဉ်များ၊ ကုန်တင် ယာဉ်များ လုပ်ငန်းသုံးယာဉ်၊ ဘတ်စ် ကားများကို တစ်နှစ်တစ်ကြိမ်သာ ခွင့်ပြု ထားကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ခြင်းအား ဖြင့် ထိုက်သင့်သည့်မော်တော်ယာဉ် အရေအတွက် ကွဲပြားသွားသည့်အ တွက် ကညန၏ လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန်လွယ်ကူသွားမည်ဖြစ် ပြီး လုပ်ငန်းဆောင်ရွက်မည့် ပြည်သူ များအနေဖြင့် ယခင်ထက် မြန်ဆန် လွယ်ကူစွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ကားဝယ် ရောင်းသမား များက ဆိုသည်။

ဝါရင့်ယာဉ်ရောင်းဝယ်ရေး လုပ် ကိုင်သူတစ်ဦးက ''နယ်ဝေးခရီး နှစ် ရှည်သွားနေကြတဲ့ကားတွေအတွက် တော့ တော်တော်အဆင်ပြေသွားပါ ပြီ။ အလုပ်ရှုပ်တာလဲ နှစ်နှစ်မှတစ် ကြိမ်ပဲရှုပ်တော့မှာ။ ကိုယ့်ဘက်က ရက်လွန်မှတော့ ရက်လွန်ဒဏ်ကြေး ပေးရမှာပေါ့။ မပေးချင်ရင် နောက် မကျအောင် သွားဆောင်ရမှာပဲ'' ဟု ဆိုသည်။

ယင်းအပြင် ယခင်က ကနဦး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ရာတွင် ယာဉ်စစ်ဆေး ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အုံနာစာအုပ် နှင့် ဝှီးတက်ထုတ်ယူခြင်းများကို အ ဆင့်လိုက်ဖြင့် ဆောင်ရွက်ရသော် လည်း လက်ရှိအချိန်တွင် ကွန်ပျူတာ စနစ်ဖြင့် ပြောင်းလဲကာ ဆောင်ရွက် လျက်ရှိသည့်အတွက် ယခင်က တစ် နေ့လျှင် ကားအစီးရေ (၃ဝဝ မှ ၄ဝဝ) ဝန်းကျင်သာ ဆောင်ရွက်နိုင်ခဲ့သော် လည်း လက်ရှိအချိန်တွင် ရုံးချိန်အ တွင်း အစီးရေ ၁ဝဝဝ နီးပါးအထိ ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။

လက်ရှိ ကနဦးမှတ်ပုံတင်လုပ် ငန်းများကိုသာ ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း သက်တမ်းတိုးမှတ်ပုံတင်ခြင်းများ ကိုပါ ကွန်ပျူတာစနစ်ဖြင့် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
'၆ဂ' အက္ခရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ မှတ် ပုံတင်ခြင်းကို တစ်နှစ်တစ်ကြိမ်အ စား နှစ်နှစ်တစ်ကြိမ် ပြောင်းလဲခြင်း ကို ဇူလိုင် ၁ ရက်ကစပြီး ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း သိရသည်။

ACKK
‎DemocracyTodayNewspaper‬

No comments:

Post a Comment