Wednesday 1 July 2015

လွှတ်တော်အမတ်အား တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ပုဒ်မ သျှမ်းလွှတ်တော် ကိုယ်စားလှယ်ဆွေးနွေး

ဓါတ်ပုံ-ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနု
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၃၉၆ (ခ) လွှတ်တော် ကိုယ် စားလှယ်အား တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်း ပုဒ်မနှင့်ပတ်သက်၍ သင့်ေ တ်ာသည့် ရာခိုင်နှုန်းကို တိုးမြင့်ပြီး အဆိုပါပုဒ်မအား ဆက်လက် ထားရှိရန် သျှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တဦးမှ ဂျွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ် တော်အစည်းအဝေးတွင် တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) နှင့်ပတ်သက် သည့် ပုဒ်မများကို ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဥပဒေမူကြမ်း တွင် ပယ်ဖျက်ရန်တင်ပြထားသော လွှတ်တော် ကိုယ်စားလှယ် များတာဝန် မှ ပြန်လည်ရုပ်သိမ်းခွင့် ဆိုင်ရာ ပုဒ်မနှင့် ပတ်သက်၍ ဆက်လက်ထားရှိရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနုမှ တင်ပြဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။

‘အခြေခံ ဥပဒေကို ပြန်ကြည့်ရင် ၀န်ကြီးနဲ့ အစိုးရအဖွဲ့ကို လွှတ်တော်က စွပ်စွဲပြစ်တင်လို့ရတယ်။ ဒါကြောင့် ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်မြောက်ထားတဲ့ ပြည်သူတွေက မကြိုက်မနှစ်သက်ရင် ပြန်လည် ဖြုတ်ချခွင့်ဆိုတာ ရှိသင့်တယ်။ မဏ္ဍိုင် ၃ ရပ်အပြန်လှန် ထိန်းကျောင်းနိုင်ဖို့ အတွက် ပြည်သူကလည်း အရေးကြီး လို့ ပြည်သူရဲ့ အခွင့်ရေး မဆုံးရှုံးရအောင်လို့ပါ။ ၁ ရာခိုင်နှုန်းဆိုတာ နည်းနေ ရင် မဲဆန္ဒနယ်က ပြည်သူ ၅ ရာခိုင်နှုန်း သို့မဟုတ် ၁၀ ရာခိုင်နှုန်း လို့ ပြင်ဆင် သင့်တယ်’ ဟု ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနု က ပြောသည်။

လက်ရှိ ကျင့်သုံးနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်း ဆုံး ၁ ရာခိုင်နှုန်း တိုးပါက တာဝန်မှ ပြန်လည်ရုပ်သိမ်း လိုသော လွှတ်တော် ကိုယ်စားလှယ်နှင့်ပတ်သက်သည့်တိုင်တန်းချက်ကို ပြည်ထောင်စုရွေးေ ကာက် ပွဲကော်မရှင်ထံ တင်ပြရမည်ဟု ဖော်ပြထားသည်။

ယင်းပုဒ်မကို အသုံးပြု၍ လွှတ်တော်ကိုယ်စားလှယ်များအား တာဝန်မှ ရုပ်သိမ်းပေးရန် တောင်းဆိုမှု အများ အပြားရှိခဲ့ပြီး ဥပဒေတွင် ပြဌာန်း ထားသည့် ၁ ရာခိုင်နှုန်းမှာ နည်းလွန်းနေသည့်အတွက် ဥပဒေအား ထပ်မံပြင်ဆင်ခြင်း သို့မဟုတ် နည်းဥပဒေများ ရေးဆွဲပြီးပါမှ အဆိုပါ ပုဒ်မအား အသုံးပြုရန် ယခင်က လွှတ်တော်တွင် ဆုံးဖြတ်ထားခဲ့သည်။ 

သို့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မှ တင်သွင်း လာသည့် အခြေခံ ဥပဒေပြင် ဆင်ရေး မူကြမ်းတွင် အဆိုပါ ပုဒ်မအား ပယ် ဖျက်ရန် ဆိုပြီး ပါရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းပုဒ်မနှင့် ပတ်သက် ၍ ဆွေးနွေး ခဲ့သည့် ဂျွန်လ ၃၀ ရက်နေ့တွင်မူ ကန့်ကွက်ကြောင်း ၀င်ရောက်ဆွေးနွေးသူ မရှိခဲ့ပေ။

ပုဒ်မ ၄၃၆ (ခ) ကို သုံးပြီး ပြင်ဆင်ရမည့် ဥပဒေပုဒ်မများနှင့် ပတ်သက်၍ ၃ ရက်ကြာဆွေးနွေးကြမည် ဖြစ်ပြီး လာမည့်အပတ်တွင် အဆိုပါ ပုဒ်မ များ ပြင် မပြင်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ကြမည် ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ (ခ) အရ ယင်းနှင့် အကျုံးဝင် သည့် ပုဒ်မများမှာ ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ၇၅ % ၏ ထောက်ခံချက်ဖြင့်သာ ပြင်ဆင်နိုင်သဖြင့် တပ်မတော်သား ကိုယ်စား လှယ်များက ထောက်ခံမှု ရရှိရန် လိုအပ်နေသည်။

စိုင်းထွန်းအောင်လွင်
သျှမ်းသံတော်ဆင့်

No comments:

Post a Comment