Wednesday 1 July 2015

မန္တလေးမြို့တွင် Iron Cross Unplugged Show ပထမဆုံး ကျင်းပမည်

Show ပွဲပြုလုပ်မှု နည်းပြီး လက်မှတ်ပေါက်ဈေး အဆမတန် မြင့်တက်လေ့ရှိသည့် Iron Cross အဖွဲ့က မန္တလေး မြို့တော်တွင် ပထမဆုံးအကြိမ် Unplugged ရှိုးပွဲကို ဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ်၌ ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သည့် ဦးသူရက ပြောကြားသည်။

“Iron Cross အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့က ဖျော်ဖြေမှာပါ။ ထူးခြားမှု အနေနဲ့ကတော့ ဒီပွဲဟာ Unplugged ပွဲဖြစ်ပါတယ်။ လူဦးရေလည်း ကန့်သတ် ထားတဲ့အတွက် လက်မှတ်တွေ ကိုလည်း အမြန်ဝယ်ထားကြဖို့ နှိုးဆော်ပါတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တော်တွင် IC ရှိုးပွဲ ပြုလုပ်ခြင်း နည်းပါးသည့်အတွက် အားပေးသည့် ပရိသတ်များ အနေနှင့် အားမလိုအားမရဖြစ်ရကာ ယခုကဲ့သို့ Unplugged ရှိုးပွဲ ကျင်းပမည်ဖြစ်သောကြောင့် IC အမာခံ ပရိသတ် များ အထူးနှစ်သက်ကြမည် ဖြစ်ပြီး အားပေးမည့် ပရိသတ်လည်း များမည်ဖြစ်ကြောင်း မန္တလေးမြို့ခံ IC ပရိသတ် ဦးမျိုးကျော်က ပြောကြားသည်။

လက်မှတ် နှုန်းထားများကို ကျပ်ငါးသောင်း၊ သုံးသောင်းနှင့် တစ်သောင်းငါးထောင်ကျပ် အသီးသီး သတ်မှတ်ထားပြီး မန်းသီရိ၊ မိတ်မြန်မာ၊ ဒိုင်းမွန်းပလာဇာ၊ ၁၉x၈၃ လမ်းရှိ ဒေါ်မီမီထွန်းနေအိမ်၊ ထိုင်းဌာနေ စားသောက်ဆိုင်နှင့် ၅၀၁ စတိုးတို့တွင် ဝယ်ယူရရှိနိုင်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment