Wednesday 1 July 2015

KIA အဖွဲ့မှ မိုင်းထောင်နေမှုများကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ လခြမ်းတောင်အနီးတစ်ဝိုက်၌ ဇွန်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်ချက်အရ သိရသည်။

ဇွန်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ အင်အား ၁၀ ဦးခန့်သည် မိုးညှင်းမြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာ တရုတ်သချုင်္ိင်းနှင့် ဇီးဖြူကွင်းတစ်ဝိုက်တို့တွင် မိုင်းထောင်ခြင်းများ ပြုလုပ်နေကြောင်း မျက်မြင်ဒေသခံ တစ်ဦးမှ ပြောပြသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ပူး ပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများကို ယခင်ကထက် ပိုမို လုပ်ဆောင် လာ သည်ဟု မိုးညှင်းမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှလည်း ပြောပြသည်။

KIA အဖွဲ့မှထောင်ထားသော မိုင်းများအားနင်းမိပေါက်ကွဲခဲ့ပါက ဆေးကုသစရိတ်မထောက်ပံ့သည့်အပြင် ပေါက်ကွဲခဲ့သော မိုင်း၏တန်ဖိုးကို ပေးလျော်နေရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုကဲ့သို့ KIA အဖွဲ့၏ မိုင်းထောင်နေမှုများကြောင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ တောင်ယာ လုပ်ငန်း များ လုပ်ကိုင်ရန် သွားရောက်ရာတွင် ဘယ်အချိန် မိုင်းနင်းမိမလဲဆိုသည့် စိုးရိမ်စိတ်များရှိနေပြီး စားဝတ် နေရေးကို အသက်နှင့်ရင်းကာ ဖြေရှင်းနေရကြောင်း မိုးညှင်းမြို့နယ်ရှိ ကျေးလက်ဆေးပေးခန်းရှိ ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။

နော်ဂျာ(ဖားကန့်)
Kachin Daily News 

No comments:

Post a Comment