Wednesday 1 July 2015

လားရှိုးတွင် နေအိမ်တစ်လုံးမီးလောင်ရာမှ သားအမိနှစ်ဦးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ (၁)ရပ်ကွက်ရှိ အိမ်တစ်လုံးတွင် ဘုရားမီးပူဇော်ထားသည့် ဖယောင်း တိုင်မှတစ် ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ထဲတွင် ရှိနေသည့် သားအမိနှစ် ဦးစလုံး မီးလောင်သေဆုံး သွားကြောင်း  သတင်းရရှိသည်။

လားရှိုးမြို့ (၁)ရပ်ကွက် ပါရမီလမ်းသွယ်(၁၀)တွင် ဇွန်လ ၂၉ ရက် ည ၁၀ နာရီကျော်က နေအိမ်ရှိ ဘုရားစင်၌ ဖယောင်းတိုင်မီးဖြင့် ဆီမီးပူဇော်ထား ရာမှ ဖယောင်းတိုင်ပြုတ်ကျပြီး မီးစတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်ဟု လားရှိုးခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘မီးလောင်တာကတော့ ဖ ဖယောင်းတိုင်မီးက စတယ်လို့ သိရတယ်။ ဖယောင်းတိုင်မီးလောင် နေတဲ့ အချိန်မှာ အိမ်ပေါ်မှာ ဆိုင် ကယ်အတွက် ဓာတ်ဆီထည့်ထား တဲ့ နှစ်ဂါလန်ဓာတ်ဆီပုံးရှိတယ်။ မီးကလည်း ဓာတ်ဆီပုံးအထိ ကူး သွားပြီး လောင်သွားတာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် နေအိမ်အတွင်း ဒေါ်တင်စိုးနှင့် ၎င်း၏သားအသက်(၁၀)နှစ် အရွယ် မောင်နှစ်ဆန်းဇော် တို့ မီးလောင်သေဆုံးခဲ့ပြီး သမီးမစိုးသန္တာထွန်းမှာ လွတ်မြောက်ခဲ့ သည်ဟု အမှုစစ် ရဲအရာရှိက ပြောသည်။

‘‘မီးလောင်တဲ့ အချိန်က တော့ သိပ်မကြာပါဘူး။ ၁၀ မိနစ် ကျော်အတွင်းမှာပဲ မီးကိုထိန်း ထားနိုင်တယ်။ အိမ်ထဲမှာရှိနေတဲ့ ကလေးနဲ့ အမေကိုတော့ မကယ် လိုက်နိုင်ဘူး။ အကုန်လုံးဝိုင်းဝန်း ကူညီကြပေမယ့်  ကံမကောင်းခဲ့ ပါဘူး’’ဟု လားရှိုးမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာတွင် နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ပြီး မီးလောင်မှုအတွက် လားရှိုးမြို့မရဲစခန်းက (ပ) ၁၉၅/ ၁၅ ပုဒ်မ ၂၈၅/၃၀၄(ဃ) ဖြင့် အမှုဖွင့် အ ရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment