Tuesday 23 September 2014

ဗွီဒီယိုဇာတ်ကားများ ပြန်လည်စစ်ဆေးတော့မည်

ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလကစပြီး ဗွီဒီယိုဇာတ်ကားတွေကို ပြန်လည်စစ်ဆေး တော့မယ်လို့ သိရပါတယ်။

ဗီဒီယိုဇာတ်ကားတွေကို ဆင်ဆာအဖွဲ့က ပြန်လည်စစ်ဆေးမှာနဲ့ ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးက ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အခုလိုပြောပါတယ်။

"ခုလက်ရှိလဲ အရင်တုန်းကစစ်သလို အခုလည်းစစ်နေတယ်၊ နောက်ပိုင်း အတုယူမှားတာပေါ့နော် မင်းသား၊ မင်းသမီးဆိုတော့ ကျန်တဲ့သူတွေက အတုခိုးတာပေါ့၊ အဲ့လိုအတုခိုးမှာစိုးလို့ ဖြတ်မယ်တောက်မယ်ပေါ့"

အရင်က နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ မပါဝင်ရေးစတဲ့ ဆင်ဆာမူဝါဒဆိုင်ရာ အချက် ၁၀ ချက် သတ်မှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ရာဇ၀င်ဇာတ်လမ်းတွေနဲ့ သရဲတစ္ဆေ ဇာတ်လမ်း တွေကို ရိုက်ကူးခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာရုပ်ရှင်လုပ်ငန်း ဗွီဒီယိုဆင်ဆာအဖွဲ့ဟာ ကာရာအိုကေသီချင်း၊ ဗွီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ကား တွေကို ဆင်ဆာဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese 

No comments:

Post a Comment