Sunday 24 May 2015

မြန်မာ-တရုတ် နှစ်နိုင်ငံပေါင်း၍ သစ်ခိုးထုတ်မှု တားဆီးမည်ဟုဆို

တရုတ်နိုင်ငံသို့ ခိုးပို့မည့် သစ်လုံးနှင့်သစ်မြစ်များကို တွေ့ရစဉ်
 မြန်မာနိုင်ငံမှ တရားမဝင်သစ်အများဆုံးတင်ပို့ နေသော တရုတ်နိုင်ငံနှင့်ပူးပေါင်း ၍ နှစ်နိုင်ငံကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဖွဲ့စည်းကာ သစ် ခိုးထုတ်မှုများတားဆီးမည်ဖြစ် ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။



‘‘နှစ်နိုင်ငံကိုယ်စားလှယ် တွေ၊ အစိုးရဌာနကိုယ်စားလှယ် တွေ၊ လုပ်ငန်းရှင်တွေပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီးတော့ မြန်မာနိုင်ငံနယ် စပ်မှာလည်း     လေ့လာမယ်၊ တရုတ်နိုင်ငံနယ်စပ်တွေမှာလည်း လေ့လာမယ်၊ လေ့လာပြီးတော့ တရားမဝင်ခိုးယူနေတာတွေကို ဘယ်လိုတားဆီးမလဲ၊ တရားဝင် ဖြစ်အောင် ဘယ်လိုလုပ်မလဲညှိ နှိုင်းထားပါတယ်’’ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီ ကျော်က ပြောသည်။

 ထိုကဲ့သို့ နှစ်နိုင်ငံနယ်စပ် တစ်လျှောက် လေ့လာမှုများပြု လုပ်ပြီးနောက် တရားမဝင်သစ်ခိုး ထုတ်ယူမှုတားဆီးရန် ဇွန်လ အတွင်း မြစ်ကြီးနားမြို့၌ အလုပ် ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ မည်ဟု ဦးညီညီဇော်က ဆိုသည်။

ဖမ်းဆီးရမိသော သစ်များ အနက်   ကျွန်းသစ်လုံးများနှင့် ခွဲသားပမာဏများမှာ အများဆုံး ဖြစ်ပြီး ကချင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှတစ်ဆင့် တရုတ်နိုင်ငံနယ်စပ်သို့ တင်ပို့လျက်ရှိ ကြောင်း ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဇော်လွင်က ပြောသည်။


‘‘တရားမဝင် သစ်ခိုးထုတ် တာကို တရုတ်နိုင်ငံကလည်း ထိန်းသိမ်းစောင့်ရှောက်ပေးမယ် ဆိုတဲ့ အနေအထားတော့ ပြော တယ်။ ဒါပေမဲ့ အခုဆောင်ရွက် နေတာ ဟိုဘက်နိုင်ငံရဲ့ဆုံးဖြတ် ချက်ကို လိုက်ပြောဖို့ မတတ်ပါ ဘူး။ သူတို့ ဘာလုပ်လဲ မသိဘူး။ လက်ရှိမှာတော့ နယ်စပ်ဒေသက နေ တရားမဝင်သစ်တွေ သူတို့နိုင်ငံထဲ စီးဝင်နေတာ၊ ထိထိ ရောက်ရောက်တားဆီးတာ မတွေ့သေးပါဘူး’’ ဟု ဦးဇော်လွင်က ဆိုသည်။

လက်ရှိ အစိုးရသက်တမ်း ငါးနှစ်အတွင်း တရားမဝင်သစ် တန်ပေါင်း တစ်သိန်းခြောက် သောင်းကျော်ဖမ်းဆီးရရှိထား ကြော်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် တရား မဝင်သစ်မှောင်ခိုလုပ်ငန်းအကြီး မားဆုံးလုပ်ဆောင်နေသော နိုင်ငံများစာရင်းတွင်ပါဝင်ပြီး   တရား မဝင်သစ်များ  အမေရိကန်ဒေါ်လာခုနစ် ဘီလီယံခန့် တင်သွင်းလျက်ရှိသည်။ တရုတ်နိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင် ရောက်နေသော သစ်များ၏ ၉၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှဖြစ် ကြောင်း မြန်မာနိုင်ငံသစ်တော များအသင်းက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထား သည်။
7 day

No comments:

Post a Comment