Tuesday 6 January 2015

လက်ပံတောင်းစီမံကိန်းအရေး NLD အမတ် လွှတ်တော်တွင် တင်ပြမည်

Photo: လက်ပံတောင်းစီမံကိန်းအရေး NLD အမတ် လွှတ်တော်တွင် တင်ပြမည်
Tuesday, January 6, 2015

ဒေသခံတောင်သူတစ်ဦး သေဆုံးသည်အထိ ပဋိပက္ခကြီးမားလာနေသော လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းကို ဆက်လက် မလုပ်ဆောင်သင့်ကြောင်း မေးခွန်း (သို့မဟုတ်) အရေးကြီး အဆိုတစ်ရပ်ကို လာမည့် လွှတ်တော်သို့ တင်သွင်းမည်ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“အဆို တင်သွင်းလို့ ရမရ ဆိုတာကတော့ လွှတ်တော်ဥက္ကဋ္ဌအပေါ်မှာ မူတည်တယ်။ ကျွန်မတို့ ဘက်ကတော့ လိုအပ်တယ်ဆိုရင် ၁၉ ရက်နေ့ စမယ့် လွှတ်တော်မှာ တင်သွင်းမယ်။ သူတို့အနေနဲ့ ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်မတို့က ချက်ခြင်း ဆွေးနွေးသွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်စမ်းလှိုင်က ပြောသည်။

လွှတ်တော်တွင် ဆွေးနွေးမည့် အချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောဆိုခြင်း မရှိပေ။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော စီမံကိန်းတိုးချဲ့ရန်အတွက် မြေယာ ၁ ဧကလျှင် ၁၈ သိန်း လျော်ကြေးပေးမည့် ဝမ်ပေါင်၏ ကမ်းလှမ်းချက်ကို တောင်သူအများအပြားက လက်မခံသည့် အခြေအနေတွင် စီမံကိန်းတိုးချဲ့ရေးလုပ်ငန်းများ လုပ်ကိုင်စဉ် လုံခြုံရေးအဖွဲ့ဝင်များနှင့် ဒေသခံတို့ တောင်သူတို့ ဒီဇင်ဘာလ ၂၂ရက်နေ့က ထိပ်တိုက်တွေ့ခဲ့ပြီးနောက် တောင်သူမကြီးဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ယောက်ခန့် ဒဏ်ရာ ရရှိခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းက ထိုဒေသအတွင်း စီမံကိန်းဆန့်ကျင်သည့် သပိတ်စခန်းကို အာဏာပိုင်တို့ ဖြိုခွင်းစဉ် သံဃာတော်တချို့ မီးလောင်ဒဏ်ရာရသွားပြီးနောက် စီမံကိန်းက ပိုမို ထင်ရှားလာပြီး နောက်ပိုင်း သမ္မတရုံးက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ထိုကော်မရှင်က ထုတ်ပြန်သည့် အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း စီမံကိန်းလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရေးကော်မတီတို့ လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အချက်နှင့် ပတ်သက်ပြီး လွှတ်တော်တွင် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိကြောင်း ၎င်းကပြောသည်။

ပဋိပက္ခ တကျော့ပြန် ကြီးထွားလာပြီးချိန်တွင် လည်း ကော်မရှင်၏ အကြံပြုချက်များ လျစ်လျှူရှုခံထားရကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ပဋိပက္ခများကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့မှုများအတွက် ဝမ်းနည်းကြောင်း စီမံကိန်းတွင် အဓိက ပါဝင်သည့် ကုမ္ပဏီများထဲမှ ဝမ်ပေါင်ကုမ္ပဏီ ထုတ်ဖော် ကြေညာခဲ့သည်။

ဦးပိုင်နှင့် ဝမ်ပေါင်တို့က စီမံကိန်းဒေသအတွင်း လမ်းပြင်ခြင်း၊ ရေကန် တူးဖော် ပြုပြင်ခြင်း၊ ရေသန့်စက် လှူဒါန်းခြင်းကဲ့သို့သော ပရဟိတ လုပ်ငန်းများ လုပ်ဆောင်သည်ဟု သိရကြောင်း စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ရေးသားထားသည်။

The Yangon Globe
ဒေသခံတောင်သူတစ်ဦး သေဆုံးသည်အထိ ပဋိပက္ခကြီးမားလာနေသော လက်ပံတောင်းတောင်ဒေသ ကြေးနီစီမံကိန်းကို ဆက်လက် မလုပ်ဆောင်သင့်ကြောင်း မေးခွန်း (သို့မဟုတ်) အရေးကြီး အဆိုတစ်ရပ်ကို လာမည့် လွှတ်တော်သို့ တင်သွင်းမည်ဟု လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“အဆို တင်သွင်းလို့ ရမရ ဆိုတာကတော့ လွှတ်တော်ဥက္ကဋ္ဌအပေါ်မှာ မူတည်တယ်။ ကျွန်မတို့ ဘက် ကတော့ လိုအပ်တယ်ဆိုရင် ၁၉ ရက်နေ့ စမယ့် လွှတ်တော်မှာ တင်သွင်းမယ်။ သူတို့အနေနဲ့ ခွင့်ပြုမယ် ဆိုရင်တော့ ကျွန်မတို့က ချက်ခြင်း ဆွေးနွေးသွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်စမ်းလှိုင် က ပြောသည်။

လွှတ်တော်တွင် ဆွေးနွေးမည့် အချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောဆိုခြင်း မရှိပေ။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၊ တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင် နေ သော စီမံကိန်းတိုးချဲ့ရန်အတွက် မြေယာ ၁ ဧကလျှင် ၁၈ သိန်း လျော်ကြေးပေးမည့် ဝမ်ပေါင်၏ ကမ်းလှမ်းချက်ကို တောင်သူအများအပြားက လက်မခံသည့် အခြေအနေတွင် စီမံကိန်းတိုးချဲ့ရေး လုပ်ငန်း များ လုပ်ကိုင်စဉ် လုံခြုံရေးအဖွဲ့ဝင်များနှင့် ဒေသခံတို့ တောင်သူတို့ ဒီဇင်ဘာလ ၂၂ရက်နေ့က ထိပ်တိုက် တွေ့ခဲ့ပြီးနောက် တောင်သူမကြီးဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး ဒေသခံ ၁၀ ယောက်ခန့် ဒဏ်ရာ ရရှိခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းက ထိုဒေသအတွင်း စီမံကိန်းဆန့်ကျင်သည့် သပိတ်စခန်းကို အာဏာပိုင်တို့ ဖြိုခွင်းစဉ် သံဃာတော်တချို့ မီးလောင်ဒဏ်ရာရသွားပြီးနောက် စီမံကိန်းက ပိုမို ထင်ရှားလာပြီး နောက်ပိုင်း သမ္မတရုံး က လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ထိုကော်မရှင်က ထုတ်ပြန်သည့် အပြီးသတ်အစီရင်ခံစာပါ အကြံပြု ချက်များအတိုင်း စီမံကိန်းလုပ်ကိုင်သည့် ကုမ္ပဏီများနှင့် လုပ်ငန်း အကောင်အထည်ဖေါ်ဆောင်ရေး ကော်မတီတို့ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အချက်နှင့် ပတ်သက်ပြီးလွှတ်တော်တွင် မေးမြန်းခဲ့သော် လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိကြောင်း ၎င်းကပြောသည်။

ပဋိပက္ခ တကျော့ပြန် ကြီးထွားလာပြီးချိန်တွင်လည်း ကော်မရှင်၏ အကြံပြုချက်များ လျစ်လျှူရှုခံထား ရကြောင်း ဒီဇင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ပဋိပက္ခများကြောင့် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့မှုများအတွက် ဝမ်းနည်းကြောင်း စီမံကိန်း တွင် အဓိက ပါဝင်သည့် ကုမ္ပဏီများထဲမှ ဝမ်ပေါင်ကုမ္ပဏီ ထုတ်ဖော် ကြေညာခဲ့သည်။

ဦးပိုင်နှင့် ဝမ်ပေါင်တို့က စီမံကိန်းဒေသအတွင်း လမ်းပြင်ခြင်း၊ ရေကန် တူးဖော် ပြုပြင်ခြင်း၊ ရေသန့်စက် လှူဒါန်းခြင်းကဲ့သို့သော ပရဟိတ လုပ်ငန်းများ လုပ်ဆောင်သည်ဟု သိရကြောင်း စုံစမ်းရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ရေးသားထားသည်။

The Yangon Globe

No comments:

Post a Comment