Tuesday 6 January 2015

ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြည်ခိုင်ဖြိုးအား မဲပေးရန်ဟောပြောခြင်းမှန်ပါက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည်ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် တစ်ဦးပြော

ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တရားဝင် မဲဆွယ်စည်းရုံးရန် ခွင့်ပြုချက်မ ပေးသေးမီကာလတွင် ၂၀၁၅အ ထွေထွေရွေးကောက်ပွဲ၌ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို မဲပေးရန် ရန်ကုန် တိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေက မဲ ဆွယ်ဟောပြောခဲ့ခြင်းသည် အမှန်ဖြစ်ပါက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ တိုင်ကြား သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ် အမှုဆောင်ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်လယ် သမားအခွင့်အရေး အပြည့်အ၀ရ ရှိအောင် ကျေးဇူးဆပ်မည်ဖြစ် ကြောင်းပြောဆိုပြီး ၂၀၁၅ရွေး ကောက်ပွဲတွင် လယ်သမားများ ကပါတီကိုထောက်ခံအားပေးကြ ပါဟု ရန်ကုန်တိုင်း ဒေသကြီးဝန် ကြီးချုပ်ဦးမြင့်ဆွေကပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ရက်တွင် မှော်ဘီမြို့ နယ်ဘောလုံးကွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူ လယ်သမားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဧရာဝတီသ တင်းဌာနတွင် ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ သူပြောတာ မဲဆွယ်စည်းရုံးတာ ဟုတ်၊ မဟုတ် နဲ့ ပွဲက ကော်မရှင်ဆီက ခွင့်ပြု ချက်ရမရကို သေချာ စိစစ်မှာပါ။  ဟုတ်တယ်ဆိုရင် ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ကို တင်ပြမယ်။ အဲဒီမှာ တိုင်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်မှာပါ’’ဟု ဦးထွန်း ထွန်းဟိန်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်ဦးမြင့်ဆွေသည် လက်ရှိ အာဏာရပါတီဖြစ် သော ပြည် ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်သည်။

‘‘လယ်သမားတွေရဲ့ ထောက်ခံမှုကို ရယူပြီး ကျွန်တော် တို့ရှေ့လုပ်ငန်းစဉ်တွေ အ ကောင်အထည် ဖော်မှာ ပါ။ ကျွန်တော်တို့ကို ထောက်ခံအားပေးပြီး လယ်သမားတွေကို ကျေးဇူးဆပ် ခွင့်ပေးကြပါ’’ဟု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားခဲ့သည်ဟု ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲကို ပြည် ထောင်စုလွှတ်တော် နာယက၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်း၊ လွှတ်တော် ကိုယ်စားလှယ် များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်သူ လယ်သမား များတက် ရောက်ခဲ့ကြသည်။

ပါတီစည်းရုံးရေးကို ပါတီရုံး ခန်းအတွင်း ပြုလုပ်ပါက ရွေး ကောက်ပွဲကော်မရှင် သို့ အ ကြောင်းကြားရပြီး ပါတီရုံးအပြင် နေရာများတွင် လူထုတွေ့ဆုံပွဲကို ပြုလုပ်လိုပါက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်း ဖြစ် ကာ လာမည့်အ ထွေထွေရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံး ခွင့် ကိုမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားခြင်း မရှိသေး ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဦးထွန်းထွန်းဟိန် ကဆိုသည်။

7Day DAILY 

No comments:

Post a Comment