Tuesday 6 January 2015

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ရုပ်တု စတင်ထုလုပ်

Photo: နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ရုပ်တု စတင်ထုလုပ်
Tuesday, January 6, 2015

 နေပြည်တော်ရှိအား ကစားမော်ကွန်းတိုက်တွင် ဂုဏ် ပြုမှတ်တမ်းတင်ပြသမည့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကြီးများ၏ ပလတ်စတာရုပ်တုပြု လုပ်ခြင်းကို စတင်ဆောင်ရွက် နေပြီဖြစ်ပြီး နှစ်ဦး၏ရုပ်တုပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

အားကစား ဝန်ကြီးဌာန သည် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၌ ရွှေတံဆိပ်လေးခုနှင့် အထက်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည့် အားကစား သမား ဟောင်းကြီးများပလတ်စတာရုပ် ပြုလုပ်၍ အားကစားမော်ကွန်း တိုက်တွင် ဂုဏ်ပြု မှတ်တမ်းတင် ပြသရန် စီစဉ်လျက်ရှိပြီး ဇန်နဝါရီ ၅ ရက်အထိလက်ရွေးစင် ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နှင့် ဦးအေးမောင်လေးတို့နှစ်ဦး၏ရုပ် တုထုလုပ်ပြီး သွားပြီဖြစ်ကြောင်း ပန်းပုဆရာဦးကျော်ကျော်မင်းက ပြောသည်။

‘‘လက်ရှိအထိ ရွှေတံဆိပ် ၁၆ ဆုရှင်လက်ရွေးစင်ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်ဦးအေးမောင် လေးတို့နှစ်ဦးရဲ့ရုပ်တုပြု လုပ်ပြီး သွားပါပြီ။  အားကစား ဝန်ကြီး ဌာနအနေနဲ့ စာရင်းဆက်လက်ပြု လုပ်နေပြီး ကျွန်တော့်ဆီမှာတော့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်း ၁၁ ဦးစာရင်းတော့ ရရှိထားပြီးပါပြီ’’ဟုဦးကျော်ကျော်မင်းက ပြောသည်။

‘‘ကွယ်လွန်သွားတဲ့ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားကြီးတွေကိုလည်း အတတ်နိုင်ဆုံး ဓာတ်ပုံတွေပြန်ရှာဖွေပြီး ရုပ်တုပြု လုပ်သွားမှာပါ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်းကြီးတွေအနေနဲ့ အဆင်ပြေမယ်ဆိုရင် ဓာတ်ပုံတွေ ကို ကိုယ်တိုင်လာပေးပို့နိုင်ပြီး ရပ်ဝေးကအားကစားသမားဟောင်းကြီးတွေနဲ့ မလာနိုင်တဲ့သူတွေဆိုရင် ရန်ကုန်အား/ကာ (လူထုပညာ)ကို အမြန်ချောပို့နဲ့ ပို့ပေးရမှာဖြစ်ပါတယ်’’ဟု အား ကစားဝန်ကြီးဌာနတာဝန်ရှိသူကပြောသည်။

၂၀၁၃ ဆီးဂိမ်းမတိုင်မီ ပေါ်ပေါက်လာသည့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရှိ အားကစားပြတိုက်တွင် လက်ရှိ၌ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်း ကြီးများ၏ ဆုတံဆိပ်များနှင့် ဓာတ်ပုံ မှတ်တမ်း များ ပြသထားသည်။

7Day DAILY 

လက်ရွေးစင်ဘောလုံးသမားဟောင်းဦးအေးမောင်လေးအား ပလတ်စတာ ရုပ်တုထုလုပ်နေစဉ် (ဓာတ်ပုံ - -ကျော်ကျော်မင်းဖေ့စ်ဘွတ်ခ်)
လက်ရွေးစင်ဘောလုံးသမားဟောင်းဦးအေးမောင်လေးအား ပလတ်စတာ ရုပ်တုထုလုပ်နေစဉ် (ဓာတ်ပုံ - -ကျော်ကျော်မင်းဖေ့စ်ဘွတ်ခ်)
နေပြည်တော်ရှိအား ကစားမော်ကွန်းတိုက်တွင် ဂုဏ်ပြုမှတ်တမ်းတင်ပြသမည့် နိုင်ငံ့ဂုဏ်ဆောင် အား ကစား သမားကြီးများ၏ ပလတ်စတာရုပ်တုပြု လုပ်ခြင်းကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီး နှစ်ဦး၏ ရုပ်တုပြုလုပ် ပြီးသွားပြီ ဖြစ်ကြောင်းသတင်းရရှိသည်။

အားကစား ဝန်ကြီးဌာန သည် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ၌ ရွှေတံဆိပ်လေးခုနှင့် အထက်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည့် အားကစားသမား ဟောင်းကြီးများ ပလတ်စတာရုပ် ပြုလုပ်၍ အားကစားမော်ကွန်း တိုက်တွင်ဂုဏ်ပြုမှတ်တမ်းတင် ပြသရန် စီစဉ်လျက်ရှိပြီး ဇန်နဝါရီ ၅ ရက်အထိလက်ရွေးစင်ဘောလုံးသမားဟောင်းဦးမျိုးဝင်းညွန့်နှင့် ဦးအေးမောင်လေးတို့နှစ်ဦး၏ ရုပ် တုထုလုပ်ပြီးသွားပြီဖြစ်ကြောင်း ပန်းပုဆရာဦးကျော်ကျော်မင်းက ပြောသည်။

‘‘လက်ရှိအထိ ရွှေတံဆိပ် ၁၆ ဆုရှင်လက်ရွေးစင်ဘောလုံး သမားဟောင်း ဦးမျိုးဝင်းညွန့်နဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်ဦးအေးမောင် လေးတို့နှစ်ဦးရဲ့ရုပ်တုပြု လုပ်ပြီး သွားပါပြီ။  အားကစားဝန်ကြီး ဌာနအနေနဲ့ စာရင်း ဆက်လက်ပြု လုပ်နေပြီး ကျွန်တော့်ဆီမှာတော့ နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားဟောင်း ၁၁ ဦး စာရင်းတော့ ရရှိထားပြီးပါပြီ’’ဟုဦးကျော်ကျော်မင်းက ပြောသည်။

‘‘ကွယ်လွန်သွားတဲ့ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားကြီးတွေကိုလည်း အတတ်နိုင်ဆုံး ဓာတ်ပုံတွေပြန်ရှာ ဖွေပြီး ရုပ်တုပြု လုပ်သွားမှာပါ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားဟောင်းကြီးတွေ အနေနဲ့ အဆင်ပြေမယ်ဆိုရင် ဓာတ်ပုံတွေ ကို ကိုယ်တိုင်လာပေးပို့နိုင်ပြီး ရပ်ဝေးကအားကစား သမားဟောင်းကြီးတွေနဲ့ မလာနိုင်တဲ့သူတွေဆိုရင် ရန်ကုန်အား/ကာ (လူထုပညာ)ကို အမြန်ချောပို့နဲ့ ပို့ပေးရမှာဖြစ်ပါတယ်’’ဟု အား ကစားဝန်ကြီးဌာနတာဝန်ရှိသူကပြောသည်။

၂၀၁၃ ဆီးဂိမ်းမတိုင်မီ ပေါ်ပေါက်လာသည့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရှိ အားကစားပြတိုက်တွင် လက်ရှိ၌ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်း ကြီးများ၏ ဆုတံဆိပ်များနှင့် ဓာတ်ပုံမှတ်တမ်းများ ပြသထားသည်။

7Day DAILY 

No comments:

Post a Comment